တပ်ကုန်း ဇန်နဝါရီ ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်း ရာဂီမုန်တိုင်းအရှိန်ကြောင့် ကွင်းအမှတ် (၁၄၅၃) ကြို့ကုန်းကွင်း၊ လယ်ယာမြေများပေါ် တင်ကျန်ရစ်ခဲ့သည့် သစ်တို၊ သစ်စများအား မြို့နယ်စက်မှုလယ်ယာဦးစီးဌာနနှင့်သစ်ထုတ်လုပ်ရေးစခန်းမှ ဖယ်ရှားဆောင်ရွက်နေမှုများကို နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးဇေယျာလင်းတို့သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ်အဆင့်တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စက်မှုလယ်ယာဦးစီးမှူး ဦးမျိုးနိုင်ဦးတို့က စက်ယန္တရားများဖြင့် ဖယ်ရှားဆောင်ရွက်ပြီးစီးမှုနှင့် ကျန်ရှိသည့်ဧကများ ဆက်လက်ဆောင်ရွက်ရမည့်အစီအမံများ ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးဇေယျာလင်းတို့က လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ပြီးနာက် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မြို့နယ်အားကစားကွင်းတွင် ကျင်းပဆောင်ရွက်သည့် အပြေး၊ အိတ်စွပ်၊ အာလူးကောက်နှင့် အားကစားမျိုးစုံပြိုင်ပွဲ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်းအမျိုးသားဘော်လီဘောပြိုင်ပွဲ တတိယလုပွဲစဉ်အား ကြည့်ရှုအားပေးခဲ့ပြီး ဗိုလ်မင်းရောင်ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ကျင်းပသည့် အလှခတ်ခြင်းဝိုင်းပြိုင်ပွဲအား ကြည့်ရှုအားပေး၍ ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးဇေယျာလင်းတို့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပသည့် ရေဘေးသင့်ကာလတွင် စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်ကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲတက်ရောက်၍ အဖွင့်အမှာစကားများပြောကြားခဲ့ပြီးနောက် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်