Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မက်မန်းမြို့နယ်တွင် ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်
Jan 06,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ပြည်သူများ ကျန်းမာရေးဗဟုသုတများပိုမိုရရှိစေရန်ရည်ရွယ်၍ ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မက်မန်းမြို့နယ် မင်းရန်အောင်အုပ်စု၊ မင်းရန်အောင်ကျေးရွာ ဘက်စုံသုံးခန်းမတွင် သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပုံးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ဆို၊ စာဖတ်စွမ်းရည်နှင့် ပန်းချီပြိုင်ပွဲများကျင်းပ
Jan 06,2025
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဒေသအဆင့် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ အခြေခံပညာဦးစီးဌာနဖြင့် ပူးပေါင်းကာ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ဆို၊ စာဖတ်စွမ်းရည်နှင့် ပန်းချီပြိုင်ပွဲများကို ဇန်နဝါရီလ (၃) ရက်နေ့ မွန်းလွဲ (၁) နာရီအချိန်က ဒေသအဆင့် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လမ်းညွှန်၊ လမ်းအမှတ်အသားဆိုင်းဘုတ်များ လိုက်လံစိုက်ထူပေး
Jan 06,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လမ်းညွှန်၊ လမ်းအမှတ်အသားဆိုင်းဘုတ်များ လိုက်လံစိုက်ထူခြင်းကို ယမန်နေ့က သီရိမင်္ဂလာလမ်းနှင့် အောင်သုခလမ်းတို့တွင် ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့၌ သတ္တဌာနဘုရားကြီး၏ (၁၃၅) ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓမြတ်စွယ်တော် အပူဇော်ခံပွဲနှင့် ဗုဒ္ဓဘိသေက အနေကဇာတင်လှူပွဲ အခမ်းအနားကျင်းပ
Jan 06,2025
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သတ္တဌာနဘုရားကြီး၏ (၁၃၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓမြတ်စွယ်တော် အပူဇော်ခံပွဲနှင့်ဗုဒ္ဓဘိသေက အနေကဇာတင် လှူပွဲ အခမ်းအနားကျင်းပခြင်းကို ယနေ့ နံနက်(၆)နာရီက သတ္တဌာနဘုရားကြီး မြတ်စွယ်တော်တိုက်တွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေစက်တော် ဘုရားပွဲရာသီတွင် အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များ မင်းဘူးမြို့နှင့် ဆက်စပ်ဒေသများသို့ လာရောက်သူများပြားနိုင်
Jan 06,2025
ယခုနှစ် ရွှေစက်တော်ဘုရားပွဲရာသီတွင် အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များအနေဖြင့် မင်းဘူးမြို့နှင့် ဆက်စပ်နေသည့် အထင်ကရ နေရာများသို့ လာရောက်လေ့လာလည်ပတ်သူ များပြားနိုင်ကြောင်း ရွှေစက်တော်ဘုရားပွဲတော် ကျင်းပနိုင်ရေးကော်မတီထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇေယျာသီရိမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာများသို့ သွားရောက်၍ လိုက်လံစစ်ဆေး
Jan 06,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများက ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် ရပ်ကွက်/ကျေးရွာများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်လံစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် ကျည်တောင်ကျေးရွာအုပ်စု၊ သာယာဝှမ်းသို့ သွားရောက်၍ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကလောမြို့နယ်၊ ဟဲဟိုးမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Jan 06,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ အမှတ်(၅)ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးဘေးရှိ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသက် (၂၀) နှစ်အောက် ဘော်လီဘောပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အမြောက်တပ် (၂၀၇) တပ်ရင်းမှူး/တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး လှအောင်၊ ဟဲဟိုးမြို့အုပ်ချုပ်ရေးမှူး ဦးဇော်မိုး၊ ဟဲဟိုးနယ်မြေ စခန်းမှူး ရဲအုပ် အောင်နိုင်မြင့်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိ၊ မြို့ဖများ၊ ဒေသခံပြည်သူများ စုစုပေါင်း ၃၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလောမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ
Jan 06,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အားကစားကွင်းနှင့် အခြေခံပညာအထက်တန်းကျောင်းများတို့တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၈ နာရီက အားကစားပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1899
Page
1900
Page
1901
Page
1902
Current page
1903
Page
1904
Page
1905
Page
1906
Page
1907
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department