Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဘူးသီးတောင်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနားကျင်းပ
Feb 12,2022
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့၌ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့ ယနေ့တွင် ကျရောက် သည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံအလေးပြုခြင်း အခမ်းအနားကို ယနေ့ နံနက် ၅ နာရီခွဲတွင် ဘူးသီးတောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်တောမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင် အခမ်းအနားကျင်းပ
Feb 12,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့ ကွင်းပြင်တွင် ယနေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်က (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အလံတင်အခမ်းအနား ကျင်းပပြုလုပ်
Feb 12,2022
၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ယနေ့တွင် ကျရာက်သည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်အလံတင်အခမ်းအနားကို ယနေ့နံနက် (၅)နာရီခွဲအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးခရိုင်တွင် ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနား ကျင်းပ
Feb 12,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည် ထောင်စုနေ့ နိုင်ငံတော် အလံတင်အခမ်းအနားကို ညောင်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံးရှေ့တွင် ယနေ့ နံနက် ၅ နာရီခွဲချိန်တွင် နိုင်ငံတော်အလံတင်အခမ်းအနား ကျင်းပခဲ့ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကျင်းပ
Feb 12,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ယမန်နေ့(၁၁-၂-၂၀၂၂) ရက်နေ့ နံနက်(၁၀)နာရီအချိန်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနေ့အထိမ်းအမှတ် (Talk Show)ကို စာရေးဆရာမကြီး ဒေါ်ရွှေကူမေနှင်းက ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် အကြောင်းအရာများကို နောင်လာနောက်သားများ သိရှိစေရန်ရည်ရွယ်၍ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ကျပန်း စကားပြောနှင့် ပန်းချီပြိုင်ပွဲ ဆုနှင်းပွဲ ပုသိမ်တက္ကသိုလ်တွင် ကျင်းပ
Feb 12,2022
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ကျပန်းစကားပြောနှင့် ပန်းချီပြိုင်ပွဲဆုနှင်းပွဲကို ၂၀၂၂ ဖေဖော်ဝါရီလ(၁၁)ရက်နေ့ နေ့လည်ပိုင်း အချိန်က ပုသိမ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာပါမောက္ခချုပ် ဒေါက်တာသန်းထွန်းက အမှာစကားပြောကြားပြီး ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ မြန်မာစာဌာနပါမောက္ခ (ဌာနမှူး) ဒေါက်တာ သန်းထိုက်က ပြိုင်ပွဲအသီးသီးတွင် ဆုရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူစာရင်း အား ကြေညာသည်။ ထို့နောက် တာဝန်ရှိသူများက ပြိုင်ပွဲအသီးသီးတွင် ဆုရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပြီးဆုရ ရှိကြသူများကိုယ်စား ပထမနှစ်မဟာဝိဇ္ဇာ မြန်မာစာကျောင်းသူ မငြိမ်းငြိမ်းက ကျေးဇူးတင်စကားပြောကြားကာ ဆုရရှိသူများနှင့် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံအလေးပြုခြင်း အခမ်းအနား မြေပုံမြို့၌ ကျင်းပ
Feb 12,2022
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သည့် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံအလေးပြုခြင်း အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ယနေ့နံနက် ၅ နာရီခွဲတွင် မြေပုံမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံမြို့နယ်တွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပုံပြော၊ ကဗျာရွတ်၊ စာစီစာကုံး၊ ပန်းချီ၊ ဟောပြောပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲများ ပြုလုပ်ကျင်းပ…
Feb 12,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်လာစေရန်၊ အတွေးအခေါ်ကောင်းများ ရင့်သန်လာစေရန်၊ နေ့ထူးနေ့မြတ်များကို အမှတ်ရစေရန်၊ ထူးချွန်ထက်မြက်သည့် အနာဂတ်သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာစေရန်၊ ပြောတတ်ဆိုတတ်သည့် လူရည်မွန်များဖြစ်လာစေရန်၊ အချင်းချင်းစည်းလုံးညီညွတ်မှုများ ရှိလာစေရန်နှင့် အတူတကွ ပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ ၂၀၂၂ခုနစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုန့အထိမ်းအမှတ် ပုံပြော၊ ကဗျာရွတ်၊ စာစီစာကုံး၊ ပန်းချီ၊ ဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို ယမန်နေ့နံနက် (၁၁) နာရီက ပြုလုပ်ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18775
Page
18776
Page
18777
Page
18778
Current page
18779
Page
18780
Page
18781
Page
18782
Page
18783
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department