တောင်တွင်းကြီး ဖေဖော်ဝါရီ ၁၂
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကို မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေဦးစီးဌာနရုံးတွင် ယနေ့နံနက်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နိုင်ငံတော်အလံတင်အခမ်းအနားကို ကျင်းပရာ နံနက်(၅)နာရီ(၃၀)မိနစ်အချိန် တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဂုဏ်ပြုတပ်ဖွဲ့မှ တိုင်ထိပ်သို့ လွှင့်တင်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက အလေးပြုခဲ့ ကြသည်။
ဆက်လက်၍ နံနက်(၇)နာရီ(၄၀)မိနစ်အချိန်တွင် သ၀ဏ်လွှာဖတ်ပွဲကို ကျင်းပရာ ပြည်ထောင် စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား သို့ ပေးပို့သည့် သ၀ဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်းက ဖတ်ကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)