သာယာဝတီမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့  အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲ ကျင်းပ

သာယာဝတီ  ဖေဖော်ဝါရီ ၁၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အလံတင်အခမ်းအနားကို လွတ်လပ်ရေးကျောက်တိုင်ကွင်းနှင့် သဝဏ်လွှာဖတ်ကြားပွဲကို ဆရာစံခန်းမတို့၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အလံတင်အခမ်းအနားကို နံနက် ၅ နာရီ ၃၀ မိနစ်အချိန်၌ အလွတ်လပ်ရေးကျောက်တိုင်ကွင်း တွင် ကျင်းပရာ ခရိုင်နှင့်မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများတက်ရောက်၍  နိုင်ငံတော် အလံအား အလေးပြုကြသည်။

ဆက်လက်ပြီး နံနက် ၇ နာရီ ၄၀ မိနစ်အချိန်၌  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က၂၀၂၂ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သော သဝ‌ဏ်လွှာအား ခရိုင်အုပ်ချုပ်ရေးမှူး  ဦးအေးလူကဖတ်ကြားသည်။

သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားသို့ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြ‌ပြီး ပြန်ကြားရေးနှင့်ပြည့်သူ့ ဆက်ဆံရေးဦးစီးဌာနမှ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် "သတင်း စကား"လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့​ကြောင်း သိရသည်။    

သန့်ဇော်(သာယာဝတီ)