Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပုဗ္ဗသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်
Jan 18,2022
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာ အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်ငွေများ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်
Jan 18,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများကို နိုင်ငံတော်မှ သုံးလလျှင် တစ်ကြိမ် လူမှုရေးပင်စင်ငွေများ ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့က စတင်ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လအတွက် ထောက်ပံ့ပေးအပ်သည့် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို အဘိုးအဘွားများထံ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
သိန္နီမြို့၌ လေဖြတ်လေငန်းရောဂါအကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်
Jan 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် (၁၀)နာရီအချိန်က လေဖြတ်လေငန်းရောဂါအကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပ သည်။
အပြည့်အစုံ ဖတ်ရန်
နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအားဆဌမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံ
Jan 18,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈)နှစ်အထက်ပြည်သူများအား ဆဌမအသုတ်၊ ပထမအကြိမ် ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉နာရီမှစ၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် ကျေးရွာများ၌ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး၊ နယ်မြေလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ
Jan 18,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသိန်းဇော်၊ ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး မျိုးဇော်ဟိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် လဝက ဦးစီးမှူး ဦးသိန်းလွင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၉ နာရီခွဲအချိန်က ဒဂုံမှော်ကျေးရွာအုပ်စု၊ သရက်အုပ်ကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအထောက်အကူပြု ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူဈေးကွက်အတွင်း ကြက်သွန်နီပိဿာချိန်ပေါင်း ၅၀၀၀၀ခန့် ဝင်ရောက်လာ
Jan 18,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၈)ရပ်ကွက်၊ ပန်းစွာ(ခ)ဦးမေဃကျောင်းတိုက်ဝန်းအတွင်းရှိ ကြက်သွန်ပွဲရုံ (ဈေးကွက်)အတွင်း ကြက်သွန်နီပိဿာချိန်ပေါင်း ၅၀၀၀၀ ခန့်အထိ နေ့စဉ်ဝင်ရောက်လာကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှု ၅၀ ဒဿမ ၄၇ ရာခိုင်နှုန်း ရှိပြီဖြစ်
Jan 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စဉ်ဆက်မပြတ် ထိုးနှံပေးခဲ့ရာ ဇန်နဝါရီ ၁၅ ရက်နေ့အထိ ကျောက်မဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှု ၅၀ ဒဿမ ၄၇ ရာခိုင်နှုန်းကျော်ရှိပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်အတွင်းရှိ ရပ်ကွက်လမ်းများ ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းကြည့် ရှုစစ်ဆေး
Jan 18,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ် အတွင်း၌ သန့်ရှင်းသာယာလှ ပစေရန်နှင့်ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက် မြို့တွင်း ရပ်ကွက်လမ်းများအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် အရည်အသွေးစစ်ဆေးရေးကော်မတီအဖွဲ့ဝင်များက ယမန်နေ့ နေ့လယ် ၂ နာရီက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18394
Page
18395
Page
18396
Page
18397
Current page
18398
Page
18399
Page
18400
Page
18401
Page
18402
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department