အမြို့မြို့အနယ်နယ်သတင်းများ

Jan 18,2022
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိရာ ပြည်သူများလာရောက် ထိုးနှံနေကြသဖြင့် ကျန်းမာရေး ဝန်ထမ်းများမှ ယနေ့ နံနက် ၉ နာရီက ပြည်တော်အေးရပ်ကွက်ရှိ ဆင်ဖြူတော် ဘုရားဓမ္မာရုံတွင် ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
Jan 18,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ အပတ်စဉ် တနင်္လာနေ့တိုင်း ဝန်ထမ်းများ စာဖတ်ဝိုင်း ကျင်းပလျက်ရှိရာ ယမန်နေ့ နေ့လည် ၂နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးဝန်ထမ်းများက စာရေးဆရာ ဒေါက်တာဌေးလှိုင်(ရူပဗေဒ)၏ “နားနားနေနေနှင့် အခြားဆောင်းပါးများ” စာအုပ်ဖတ်ရှုပြီး စာဖတ်ဝိုင်းကျင်းပကြောင်း သိရသည်။
Jan 18,2022
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင် ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်နှင့် နှာခေါင်းစည်း (Mask)များ ဖြန့်ဝေပေးခြင်းများကို ယနေ့ နံနက် ၇ နာရီက အနောက်ဈေးနှင့် ရွှေဘုံသာဘုရား လမ်းဆုံကားဂိတ်နှင့် ယာယီပျံကျဈေးတို့တွင် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် သုခရတနာပရဟိတအသင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများ က အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
Jan 18,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် စကုမြို့အမှတ်( ၂ )ရပ်ကွက်သို့ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
Jan 18,2022
အနာဂတ် မျိုးဆက်သစ်ကျောင်းသား ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်း များ ရရှိစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားရရှိလာစေရန် ရည်ရွယ်၍ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ် ၂ နာရီအချိန် ကအလယ်တန်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ‌‌ ဆောင်ရွက်ခဲ့သည်။
Jan 18,2022
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ဌာနဆိုင်ရာများနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jan 18,2022
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ရှိ မိဘပြည်သူများသည် အများအားဖြင့် မိမိတို့လယ်ယာမြေများ၌ စိုက်ပျိုး ရေးကို အဓိကထား လုပ်ကိုင်ကြလျက် ရှိရာ ယခင်နှစ် စပါးများရိတ်သိမ်းပြီး လယ်ယာမြေများတွင် ဆောင်းမြေပဲများ စိုက်ပျိုးထားလျက်ရှိကြောင်း သိရသည်။