အမြို့မြို့အနယ်နယ်သတင်းများ

Jan 18,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြိုသစ်မြိုနယ်အတွင်း ဒေသထွက် ကုန်းခရမ်းချဉ်သီးများ ထွက်ရှိလာသဖြင့် စျေးနှုန်းသက်သက်သာစွာဖြင့် ဝယ်ယူရရှိကြောင်း ဒေသခံများထံမှ သိရသည်။
Jan 18,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၇၅)နှစ်မြောက် ပြည်ထောင်စု နေ့အထိမ်းအမှတ် အား/ကာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်နှင့် ကျေးရွာပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု မဲနှိုက်ရွေးချယ်ပွဲကို ယမန်နေ့ နေ့လည် ၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jan 18,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့  ပူးပေါင်း၍ စာရေးဆရာ အောင်သင်း၏ "မျိုးဆက်သစ်ရဲ့ မဟာမိတ်" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ်(၁)နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 18,2022
မွန်ပြည်နယ် သထုံမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့် နံရံကပ်စာစောင်၊ ဓါတ်ပုံနှင့် စာအုပ် စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 18,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ၂၀၂၁-၂၀၂၂  ဘဏ္ဍာနှစ်တွင် အိမ်ထောင်စု(၁၁၀၂)စု အကျိုးပြုသည့် ဆည်ထိပ်ထန်းတောရပ်ကွက်အတွင်းရှိ ရပ်ကွက်အလယ်လမ်းမကြီးအား မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူကာ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။