လက်ပံတန်း ဇန်နဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ စာရေးဆရာ အောင်သင်း၏ "မျိုးဆက်သစ်ရဲ့ မဟာမိတ်" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ်(၁)နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြော ကြားပြီး (Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သိန်းက "မျိုးဆက်သစ်ရဲ့မဟာမိတ်" စာအုပ်တွင် ပါရှိသည့် အကြောင်းအရာများ ရည်ရွယ်ချက်များကို ဦးဆောင်ဆွေးနွေး ခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသူများက အသီးသီးပြန်လည် ဆွေနွေးခဲ့ကြ ကြောင်း သိရှိရသည်။
အဆိုပါ စာဖတ်ဝိုင်းသို့ (Book Club) အဖွဲ့ဝင်များ၊ စာဖတ်ပရိသတ်များ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင့်နန္ဒာဌေး