တာလေမြို့၌ နံရံကပ်ဓာတ်ပုံများ ပြသဆောင်ရွက်

တာလေ     ဇန်နဝါရီ   ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရှိလူထုအခြေပြု ဗဟိုဌာန (Community Centre) ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ပါ လုပ်ငန်း ဆောင်ရွက်နေမှု မှတ်တမ်းဓာတ်ပုံများအား  ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ပြသထားရှိရာ လမ်းသွားလမ်းလာပြည်သူများ ကျောင်းသား ကျောင်းသူများက ကြည့်ရှုလေ့လာလျက်ရှိကြောင်း သိရသည်။

အဆိုပါ နံရံကပ်ဓာတ်ပုံပြဘုတ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့်ဦးတည်ချက်(၉)ရပ်ချမှတ်၍ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် မှတ်တမ်းဓါတ်ပုံများကို အများပြည်သူများ အလွယ်တကူ လေ့လာသိရှိနိုင်စေရန်အတွက် လူထုအခြေပြုဗဟိုဌာန (Community Centre)ရှေ့တွင် ပြသ ထားခြင်း ဖြစ်သည်။

အောင်ကျော်မိုး