မြို့သစ် ဇန်နဝါရီ ၁၈
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြိုသစ်မြိုနယ်အတွင်း ဒေသထွက် ကုန်းခရမ်းချဉ်သီးများ ထွက်ရှိလာသဖြင့် စျေးနှုန်းသက်သက်သာစွာဖြင့် ဝယ်ယူရရှိကြောင်း ဒေသခံများထံမှ သိရသည်။
"ကျနော်တို့အရင်(၂)လလောက်က ရှမ်းပြည်နယ်အောင်ပန်းဘက်ထိ သွားရောက်ဝယ်ယူ ရောင်းချခဲ့ရတယ်။ တစ်ပိဿာကို နှစ်ထောင်ကနေ နှစ်ထောင်ငါးရာထိ ရောင်းချခဲ့ရတယ်။ အခုကျွန်တော်တို့ဒေသက ခရမ်းချဉ်သီးတွေ ကုန်စိမ်းတွေ ပေါပေါများများ ထွက်ရှိလာလို ဒီကနေ့တစ်ပိဿကို(၁၀၀၀/၁၃၀၀)နဲ့ ရောင်းချပေးနေတယ်" လို့ မြို့သစ်မြို့နယ် စည်ပင်သာယာ စျေးကြီးမှ ကုန်စိမ်းရောင်းချသူ ဦးသိန်းထိုက်က ပြောသည်။
ခရမ်းချဉ်သီးတွေကို မြို့သစ်မြို့နယ်အတွင်းမှ တလုပ်ပင်ကျေးရွာအုပ်စု၊ အင်းရွာကြီးကျေးရွာအုပ်စု၊ ရွှေပန်းပင် ကျေးရွာအုပ်စုနဲ့ ရေကြည်ပင်ကျေးရွာ၊ ဖုတ်ကုန်းကျေးရွာ၊ အိုင်သာညောင်ဇင်ကျေးရွာများမှ ခရမ်းချဉ်သီးနှင့် အခြားကုန်စိမ်းတွေ ထွက်ရှိကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)