အမြို့မြို့အနယ်နယ်သတင်းများ

Jan 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ် တပ်ဖွဲ့တို့ ပူးပေါင်းစီစဉ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်း (၁၁း၀၀) နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centr)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ၊ ဘက်စုံသုံး ခန်းမတွင် ယနေ့ နံနက် (၁၀) နာရီအချိန်က‌ ကိုးကန့်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအကြောင်း Talk Show ပြုလုပ်ခဲ့သည်။
Jan 21,2022
မကွေးကိုင်းတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရန်ပယ်ရေလှောင်တမံမှ နွေစပါး ၉၀၀၀ ဧကကို အောင်မြင်စွာစိုက်ပျိုးနိုင်ရေး ဆည်ရေများကို ဖေဖော်ဝါရီ ဒုတိယပတ်တွင် စတင်ပေးဝေသွားမည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။
Jan 21,2022
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၃/၂၀၂၂)ကို ဇန်နဝါရီလ(၂၀)ရက်၊ နံနက်(၉)နာရီအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Jan 21,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဗီဇမျိုးကွဲသစ် အိုမီခရွန် ကြိုတင် ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီ အချိန်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်လူမူဝန်ထမ်း ဦးစီးဌာန၊ မြို့နယ် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ သို့သွားရောက်ပြီး အသံချဲ့စက်ယာဉ်ဖြင့် အသိ ပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 21,2022
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ အမက(မူလွန်)-၂၀ ကျောင်းတို့ ပူးပေါင်းကျင်းပသော (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြော ပွဲကို မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။
Jan 21,2022
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)ကို ယနေ့နံနက်ပိုင်းက ဘူးသီးတောင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 21,2022
စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ ကုန်းရွာကျေးရွာ ကွင်းအမှတ်(၈၃၁/က) တောင်သူဇော်ထိုက်၏ စိုက်ခင်းအတွင်း မိုးစပါးသီးနှံရိတ်သိမ်းပြီး ကျွဲ၊ နွားစာနှင့် မွေးမြူရေးတိရစာ္ဆန်များအတွက် လုံလောက်စွာသိုလှောင်ကာ ပိုလျံသည့် ပင်ကြွင်းကျံများဖြင့် သဘာဝမြေဩဇာပြုလုပ်၍ မိုးကြိုရာသီတွင် စိုက်ပျိုးသီးနှံများ အရည်အသွေး/ ထွက်နှုန်းကောင်းစေရန် သဘာဝမြေဩဇာပြုလုပ် သုံးစွဲနည်းကို ယနေ့နံနက်ပိုင်းက သွားရောက်ပြသပေးခဲ့ကြကြောင်း သိရသည်။