လားရှိုး ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ၊ ဘက်စုံသုံး ခန်းမတွင် ယနေ့ နံနက် (၁၀) နာရီအချိန်က ကိုးကန့်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအကြောင်း Talk Show ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လားရှိုးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ချုပ် အတွင်းရေးမှူး ဦးအားဝေမှ ကိုးကန့်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအကြောင်း၊ နေထိုင်ရာ ဒေသများ၊ ရိုးရာအိမ် တည်ဆောက်ခြင်း၊ ထိမ်းမြားမင်္ဂလာကျင်းပခြင်း၊ ရိုးရာပွဲတော်များအကြောင်း၊ ရိုးရာတူရိယာများ အကြောင်းနှင့် အသုံးဝင်ပုံများ ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး