မှော်ဘီမြို့နယ်တွင် တန်းဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်း ဖွင့်လှစ်

မှော်ဘီ ဇွန် ၁၄

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် တဖက်တလမ်းမှ    မိသားစုဝင်ငွေများ     တိုးပွားလာစေရန်ရည်ရွယ်၍ ဆပ်သွားတောကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် သီးနှံအခြေခံယိုအမျိုးမျိုး တန်းဖိုးမြှင့်စားသောက် ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မှော်ဘီမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ သင်တန်းကို အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင်နှင့် မှော်ဘီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့  ပူးပေါင်း၍ ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသို့လည်း ကျေးရွာနေပြည်သူ (၁၀) ဦးတို့ တက်ရောက်ခဲ့ကြသလို သင်တန်းကာလမှာ ဇွန်လ (၈) ရက်နေ့မှ ဇွန်လ (၁၂) ရက်နေ့အထိ (၅) ရက်ကြာ ဖွင့်လှစ်ဆောင်ရွက် ခဲ့ကြခြင်းဖြစ်ကြောင်း လည်းသိရသည်။

သင်တန်းဆင်းပွဲတွင်လည်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်စိုးနှင့် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင်၊ ခရိုင်ဦးစီးမှူး ဦးရဲဇော်ထွန်းတို့က သင်တန်းဆင်း အမှာစကားများ ပြောကြားခဲ့ကြပြီး သင်တန်းသား၊ သူများအား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့ကြကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)