Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဘိုကလေးမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာများ တွေ့ဆုံဆွေးနွေး
Dec 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပညာရေးမှူးရုံး၊ ပညာရတနာခန်းမတွင် ယနေ့နံနက်(၁၀)နာရီခွဲအချိန်၌ ဖျာပုံခရိုင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ဘိုကလေးမြို့နယ်အတွင်းမှ မဲရုံတာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူးများတွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာများ ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း သူနာပြုသားဖွားဒီပလိုမာ အောင်လက်မှတ် အပ်နှင်းပွဲအခမ်းအနားသို့တက်ရောက်
Dec 29,2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် သူနာပြုသားဖွားသင်တန်းကျောင်း (မော်လမြိုင်)၊ နဝမအကြိမ်မြောက် သူနာပြုနှင့်သားဖွားဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့၀င်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများနှင့် မိဘညီအစ်မောင်နှမများတက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အရာတော်မြို၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ
Dec 29,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့နံနက် (၁၀) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့၌ ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲရလဒ်များ ထုတ်ပြန်
Dec 29,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁) ကို ကျောက်ဆည်မြို့နယ် ရပ်ကွက်၊ ကျေးရွာ၌ မဲရုံအသီးသီးတွင် ကျင်းပပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲရလဒ်များကို ဒီဇင်ဘာ ၂၉ ရက် နံနက် ၉ နာရီက ကျောက်ဆည်မြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီး
Dec 29,2025
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၂၈)ရက်တွင် ကျင်းပသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများအတွင်း မဲဆန္ဒရှင်ပေါင်း (၅၁၆၁၈)ဦးတို့မှ မဲရုံပေါင်း (၇၃)ရုံ၌ ယနေ့နံနက်(၆)နာရီမှစ၍ မဲရုံအသီးသီးတွင် အေးချမ်းစွာ ဆန္ဒမဲပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပွဲကျင်းပ
Dec 29,2025
ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းပညာရေးတက္ကသိုလ် အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ်ဒေါက်တာအေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ သင်ကြား၊ စီမံဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ် တာဝတိံသာစေတီတော်သစ်ကြီး တည်ဆောက်မှု (၉၅) ရာခိုင်နှုန်းပြီးစီးပြီဖြစ်သဖြင့် တပေါင်းလပြည့်နေ့တွင် ထီးတော်တင်လှူမည်
Dec 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၏ အထင်ကရစေတီတော်တစ်ခုဖြစ်သည့် တာဝတိံသာစေတီတော်ကြီးသည် (၂၀၂၂) ခုနှစ်၌ စောင်းတန်းပြိုကျပျက်စီးမှုကြောင့် စေတီတော် ဟောင်းအားဖျက်သိမ်း၍ ရဟန်း၊ရှင်၊ လူ၊ သာသနာ့ဒါယကာ/မများ၏ ဝိုင်းဝန်းလှူဒါန်းမှုများဖြင့် စေတီတော်သစ်ကြီးအား ပြန်လည်တည်ထားကိုးကွယ်ခဲ့ရာ ယခုအချိန်၌စေတီတော်သစ်ကြီး ပြန်လည်တည်ထားဆောက်လုပ်မှု (၉၅) ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်သဖြင့် တပေါင်းလပြည့်နေ့ အခါ၌ စေတီတော်သစ်ကြီး၏ အထွဋ်စေတီတော်အား ရွှေထီးတော်တင်လှူခြင်းနှင့် ဗုဒ္ဓဘိသေက အနေကဇာတင်လှူခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ
Dec 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ (၇၈) နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာမူလတန်းအဆင့် အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲအား ယနေ့နံနက်ပိုင်းကစတင်၍ မြို့နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1740
Page
1741
Page
1742
Page
1743
Current page
1744
Page
1745
Page
1746
Page
1747
Page
1748
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department