ပဲခူး ဒီဇင်ဘာ ၂၈
ပဲခူးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၌ ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Mr.Zheng Zhihongi ၊ သံမှူး Mr He Bin၊ တတိယအတွင်းဝန် Mr Wu Shuyu တို့ပါဝင်သော နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့သည် ပဲခူးမြို့သို့ ယနေ့နံနက် ၈ နာရီ ၁၀ မိနစ်အချိန်တွင် ရောက်ရှိပြီး ပဲခူးမြို့နယ်အတွင်း ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လာရောက်လေ့လာစောင့်ကြည့်ခဲ့သည်။
အဆိုပါ နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့သည် ပဲခူးမြို့နယ်အတွင်း ရွေးကောက်ပွဲစနစ်၊ မဲစာရင်းထုတ်ပြန်မှု၊ မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမဲလာရောက်ပေးနေမှုများကို ပဲခူးမြို့ နန်းတော်ရာရပ်ကွက်ရှိ အထက(၆)မဲရုံ၊ မဇင်းရပ်ကွက်မဲရုံ၊ ကလျာဏီရပ်ကွက်မဲရုံနှင့် စာကလေးကွင်းမဲရုံတို့ကို လေ့လာကြည့်ရှုခဲ့ပြီး ဆက်လက်လေ့လာကြည့်ရှုလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)