တိုက်ကြီး ဇွန် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အသက် ၅ နှစ် မှ အသက် ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။
ထိုသို့ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက တိုက်ကြီးမြို့နယ် ဥတိုကျေးရွာအုပ်စု၊ အင်ကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် ဥတိုကျေးရွာ အခြေခံပညာမူလတန်းကျောင်းတို့ရှိ အသက် ၅ နှစ်မှ အသက် ၁၂ နှစ် အထိ ကျောင်းသား၊ ကျောင်းသူ ၁၉၅ ဦးအားလည်းကောင်း၊ ယနေ့နံနက်ပိုင်းက သရက်ချောင်းကျေးရွာအုပ်စု၊ စံပြကျေးရွာမှ အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူ ၁၄၆ ဦးအားလည်းကောင်း၊ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေးသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အခြေခံပညာကျောင်းများ၌ ကွင်းဆင်းထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဆရာ၊ ဆရာမများ၊ ရပ်ကွက်/ ကျေးရွာ အထောက်အကူပြုအဖွဲ့များက လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုများကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန် / ဆက်)