ဒဂုံမြို့နယ်ရှိ​ ကျောင်းများတွင်​ ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​ဆေးဆက်လက်ထိုးနှံ​ 

ဒဂုံ ဇွန် ၁၄

ရန်ကုန်တိုင်း​ဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင် ယနေ့နံနက် ၉:၀၀ နာရီအချိန်မှ ၁၁:၄၅ နာရီ အချိန်ထိ ဒဂုံမြို့နယ်၊ ​ယောမင်းကြီးရပ်ကွက်၊ အလံပြဘုရားလမ်းနှင့် နဝ​ဒေးလမ်း​ထောင့်ရှိ အမှတ်(၁)အ​ခြေခံပညာအထက်တန်း​ကျောင်းတွင် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ​ကျောင်းသား ​ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ( Sinopharm) ထိုးနှံခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ရာ ဒဂုံမြို့နယ်အတွင်းရှိ  ကျောင်းသား ၂၂၆ ဦး၊​ကျောင်းသူ ၂၀၆ဦး၊ စုစု​ပေါင်း  ၄၃၂ ဦး တို့အားထိုးနှံ​ပေးခဲ့ကြပြီး ကာကွယ်ဆေး ၁ လုံးလျှင် ၅ ဦး နှုန်းဖြင့် ၄၃၂ ဦး အတွက် ဆေးအလုံးရေ ၈၆.၄ လုံးအား ထိုးနှံ​ပေးခဲ့သည်။

ထိုသို့​ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ​ပေးစဉ် သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများပူး​ပေါင်း၍ ကူညီဆောင်ရွက်​ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

​မေသန္တာ