Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဖြူးမြို့နယ်၌ နွေစပါးစံကွက်ရိတ်သိမ်းရာ တစ်ဧက ပျှမ်းမျှအစိုတင်း( ၁၂၆.၃၈)ထွက်ရှိ
May 17,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ နွေစပါးအထွက်နှုန်း သိရှိစေရေးအတွက် ကျီးမနိုကျေးရွာအုပ်စု၊ လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းလီမိတက်ရှိ တောင်သူဦးမောင်ဆန်း၊ ကွင်းအမှတ်(၈၀၅-ခ)၊ ဦးပိုင်(၃၂/၇)နှံကောက်မျိုး(၅.၇၅)ဧကအား ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးညှိနှိုင်းကြီးကြပ်ရေးအဖွဲ့မှ စံကွက်ရိတ်သိမ်းရာ တစ်ဧက ပျှမ်းမျှအစို တင်း( ၁၂၆.၃၈) ထွက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၃)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား သွားရောက်တွေ့ဆုံ
May 17,2025
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၃)သို့တက်ရောက်ရန် မော်လမြိုင်မြို့၊ နယ်မြေခံ သင်တန်း ကျောင်းတွင်ရောက်ရှိနေသော မွန်ပြည်နယ်အတွင်းမှ နိုင်ငံ့သားကောင်း ရတနာများအားမေလ ၁၇ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတမြို့နယ်၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုက်ဆံလျော်(သစ်စိမ်းမြေဩဇာ)ကြဲပက်ပွဲကျင်းပ
May 17,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ အင်းဓဝယ်တိုက်နယ်၊ အင်းဓဝယ်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၄၈၄)၊ ဦးပိုင်အမှတ်(၄၇)၊ ဧရိယာ(၂.၀၀)ဧက၊ တောင်သူ ဦးမန်းအောင်ချစ် ပိုင်ဆိုင်သောလယ်မြေ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ပိုက်ဆံလျော် သစ်စိမ်းမြေဩဇာကြဲပက်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တွံတေးမြို့နယ်၌ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်အား ကွင်းဆင်းဆောင်ရွက်
May 17,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ဗျောက်ရိုးကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးနေအိမ်တွင်အခြေပြု၍ ပန်းခင်းစီမံချက်အဆင့်(၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်အား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က ဗျောက်ရိုးကျေးရွာ အုပ်ချုပ်ရေးမှူနေအိမ်တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင် မြောင်းမြမြို့နယ်တွင်ပြုလုပ်သော တောင်သူများအား အောင်နိုင်တိုး၊ ရေဆင်းပေါ်ဆန်း၂ စပါးမျိုးများ၊ ပိုက်ဆ…
May 17,2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြောင်းမြမြို့နယ်၊ ကျုံဝါးစိုက်ပျိုးရေးပညာပေးစခန်းတွင်ပြုလုပ်သည့် တောင်သူများအား အောင်နိုင်တိုး၊ ရေဆင်းပေါ်ဆန်း၂ စပါးမျိုးများ၊ ပိုက်ဆံလျှော်မျိုးစေ့နှင့် မျိုးစေ့ချ ကိရိယာ(Drum Seeder)များ ပေးအပ်ပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာ စိုက်ထူ
May 17,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် “ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့နံနက် (၇) နာရအချိန်က မြို့မအားကစားကွင်းထောင့်၌ စိုက်ထူခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင် ၂၀၂၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျို…
May 17,2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ နေကြာ ၁၀၄၆ ဧက လျာထားစိုက်ပျိုးမည်
May 17,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ နေကြာ ၁၀၄၆ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1730
Page
1731
Page
1732
Page
1733
Current page
1734
Page
1735
Page
1736
Page
1737
Page
1738
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department