Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရှေးဦးသူနာပြုစုခြင်း(အခြေခံ)အဆင့်သင်တန်း(၂/၂၀၂၅) မြန်အောင်မြို့နယ် အ.ထ.က တာခွကျောင်းတွင်ဖွင့်လှစ်
May 17,2025
မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီး၏ လုပ်ငန်းစဥ်များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် ရှေးဦးပြုစုခြင်းဘာသာရပ်၊ ပညာရပ်များကို လူတိုင်းတတ်မြောက်စေရန်၊ ရုတ်တရက်နာမကျန်းဖြစ်ခြင်းနှင့်ထိခိုက်ဒဏ်ရာများရရှိပါက မှန်ကန်သောရှေးဦးပြုစုခြင်းနည်းဖြင့် ချက်ခြင်းပြုစုစောင့်ရှောက်တတ်စေရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဦးဆောင်မှုဖြင့်မြန်အောင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ရှေးဦးသူနာပြုစုခြင်း (အခြေခံ)အဆင့်သင်တန်း(၂/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က မြန်အောင်မြို့နယ် အ.ထ.က တာခွကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဇလွန်မြို့၌ (၂၀၂၅ - ၂၀၂၆) ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက်ပိုစတာ စိုက်ထူ
May 17,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် (၂၀၂၅-၂၀၂၆)ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် “ကျောင်းနေအရွယ် ကလေးအားလုံး စဥ်ဆက်မပြတ် ပညာသင်ယူဖို့ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့နံနက် ၈ နာရီတွင် မြို့နယ် ပညာရေးမှူး ရုံးရှေ့တွင် စိုက်ထူခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ နွေနှမ်းအထွက်နှုန်းတိုးတက်ရေး အသိပညာပေး ဆွေးနွေးဟောပြောခြင်းနှင့် စံပြကွက်ဧက(၁၀၀)အတွက် သွင်းအားစုများ ထောက်ပံ့ပေးအပ်
May 17,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ၂၀၂၅ - ၂၀၂၆ နွေသီးနှံစိုက်ပျိုးရာသီတွင် နွေနှမ်းစိုက်ပျိုးတောင်သူများ ပန်းတိုင်အထွက်နှုန်းရရှိစေရေး တောင်သူပညာပေးဆွေးနွေးဟောပြောခြင်းနှင့် စံပြကွက်ဧက (၁၀၀) အတွက် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်းကို မေ ၁၆ ရက်နေ့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး…
May 17,2025
မေလ ၂၂ ရက်နေ့တွင် ဖွင့်လှစ်မည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းပရဝုဏ်အတွင်း သန့်ရှင်းသာယာလှပရေး၊ စည်းကမ်းစနစ်တကျရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်ရှိ မျက်စိရောဂါအထူးကုဆေးရုံကြီး(ရန်ကုန်)၌ အရေးပေါ်လူနာများအား ထိရောက်စွာကုသပေးနိုင်ရေးအတွက် ကြိုတင်ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းများဆောင်ရွက်
May 17,2025
သဘာဝဘေးအန္တရာယ်နှင့် အခြားသောမတော်မဆမှုများကြောင့် လူအများထိခိုက်ဒဏ်ရာရရှိပြီး လူနာများ အစုလိုက်၊ အပြုံလိုက်ဆေးရုံများသို့ ရောက်ရှိလာပါက အရေးပေါ်ထိခိုက်စွာ ကုသပေးနိုင်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ကုသရေးဦးစီးဌာန၏ လမ်းညွှန်မှုအရ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု စီမံချက်ကိုဆေးရုံများတွင် ရေးဆွဲထားရှိရာ ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန် တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် နတ်မောက် ရပ်ကွက် နတ်မောက်လမ်းရှိ မျက်စိရောဂါအထူးကုဆေးရုံကြီး(ရန်ကုန်)၌ အရေးပေါ်လူနာများအား ထိရောက်စွာ ကုသပေးနိုင်ရေးအတွက် ကြိုတင်ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းများကို အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
May 17,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးမှုများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးနှင့် တာဝန်ရှိသူများသည် ယမန်နေ့တွင် ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်မြတ်ကြီးတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ရှင်းလင်းရေး ဆောင်ရွက်ပြီးစီးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သုံးခွမြို့နယ်တွင် ကွန်ပျူတာ၊ လက်ကိုင်ဖုန်းများတွင် ကုန်အညွှန်းအမှတ်အသားပါရှိမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်
May 17,2025
စားသုံးသူဦးစီးဌာန စားသုံးသူများအသုံးပြုမည့်ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေရေးအတွက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဥ်း၍ ကုန်စည်များတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေဖော်ပြရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် မြို့မဈေးကြီးအတွင်း၊ အပြင် ကွန်ပျူတာ၊ လက်ကိုင်ဖုန်းများရောင်းချနေသည့် အရောင်းဆိုင်များသို့ ယမန်နေ့မွန်းလွဲ ၂ နာရီ အချိန်က အသိပညာပေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်
May 17,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ခြင်မှတဆင့်ကူးစက်တတ်သောရောဂါကာကွယ်နိုင်ရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၀န်ထမ်းများက ယနေ့နံနက် ၇ နာရီအချိန် ရွှေပေါက်ကံ ဆည်မြောင်းဝန်ထမ်းအိမ်ရာအတွင်းရှိ နေအိမ်များတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1733
Page
1734
Page
1735
Page
1736
Current page
1737
Page
1738
Page
1739
Page
1740
Page
1741
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department