တောင်ငူ ဒီဇင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် (၁၅)ရပ်ကွက်၊ ဒေသန္တရကျန်းမာရေးဌာန၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် နံနက် ၉ နာရီအချိန်က ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာမီမီခင်နှင့်ဝန်ထမ်းများက ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးပြီး ရပ်ကွက်ကျေးရွာများမှ ကိုယ်ဝန်ဆောင် မိခင်နှင့်အသက် (၂) နှစ်အောက်ကလေးများအား ပြင်းထန် အဆုတ်ရောင်ရောဂါကာကွယ်ဆေး၊ ငါးမျိုးစပ်၊ ဆုံဆို့၊ ကြက်ညှာ၊ အသည်းရောင် အသားဝါ၊ ဦးနှောက်အမြှေးရောင်၊ ပိုလီယိုသောက်ဆေးနှင့်ထိုးဆေး၊ မေးခိုင်ရောဂါကာကွယ်ဆေးနှင့် ဝမ်းရောဂါကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)