Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဗိုလ်တထောင်မြို့နယ် ပညာရာမိကမဟာ ကျောင်းတိုက်တွင် အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ
May 18,2025
ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် ပညာရာမိက မဟာကျောင်းတိုက် ဓမ္မာရုံအတွင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်မှုအား ကြည့်ရှုအားပေး
May 18,2025
ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့ကို သန့်ရှင်သာယာလှပသော အစိမ်းရောင်ခရီးသွားမြို့တော် ဖြစ်စေရေး အပတ်စဉ်စနေနေ့များတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး မကြာမီကာလအတွင်း အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် ကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် မေလ ၁၇ ရက်နေ့ နံနက်ပိုင်းက အခြေခံပညာကျောင်းများ၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်/ ကျေးရွာနေပြည်သူများပူးပေါင်း၍ စုပေါင်းသန့် ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့တွင် ရော်ဘာစိုက်ပျိုးတောင်သူများ ရော်ဘာအစေးခြစ်ရာ၌ ရာဘာပင်တွင် မိုးကာဖြင့် အစေးခြစ်စနစ် နည်းပညာပေး ဆောင်ရွက်
May 18,2025
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (ရွှေဒူး) တွင် စိုက်ပျိုးရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ကြီးမှူး၍ ရော်ဘာအစေးခြစ်ရာ၌ ရာဘာပင်တွင် မိုးကာဖြင့် အစေးခြစ်စနစ် နည်းပညာများကို မေလ (၁၇)ရက် နံနက်ပိုင်းက ရော်ဘာစိုက်ပျိုးတောင်သူများအား အသိပညာပေး ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရောမြို့နယ်တွင် စိန်ရတု (၃၈) ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ ကျင်းပ
May 18,2025
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဗဟိုမှ ကြီးမှူးကျင်းပခဲ့သည့် (၇၅) ကြိမ်မြောက် စိန်ရတုအထိမ်းအမှတ်၊ ၃၈ ဖြာမင်္ဂလာ တရားတော်နှင့်ဗုဒ္ဓဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင် မြင်ခဲ့ကြသော ကျိုက်မရောမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို မေ ၁၇ ရက်နေ့ မွန်းလွဲ၁နာရီက ရသေ့ကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေး ကျင်းပ
May 18,2025
(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉နာရီခွဲ အချိန်တွင် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏရှိပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ် သတင်းစာဆရာအသင်း တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ
May 18,2025
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် သတင်းစာဆရာအသင်း တာဝန်ပေးအပ်ပွဲ အခမ်း အနားကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းကင်းမြို့၌ ချမ်းမြေ့စည်ပညာရေး ဖောင်ဒေးရှင်း၏ အခမဲ့ကွန်ပျူတာသင်တန်း အပတ်စဉ် (၃၆) သင်တန်းဆင်းပွဲကျင်းပ
May 18,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့ရှိ ချမ်းမြေ့စည်ပညာရေးဖောင်ဒေးရှင်း၏ အခမဲ့ကွန်ပျူတာသင်တန်းအပတ်စဉ် (၃၆) သင်တန်း ဆင်းပွဲအခမ်းအနားကို ချမ်းမြေ့စည် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ယမန်နေ့နံနက် ၈ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့နယ်တွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့ ပေးအပ်ခြင်းနှင့် စပါးမျိုးစေ့ချကိရိယာ (Dram Seeder) ပေးအပ်ပွဲ ကျင်းပ…
May 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အောက်ကွင်းကျေးရွာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် အောက်ကွင်းကျေးရွာ၊ အောက်ကွင်းကြီးမျိုးသန့်ခြံ၊ တောင်သူဦးမျိုးသန့်ပိုင် ကွင်းအမှတ်(၄၃၉-A)၊ ဦးပိုင်အမှတ် (၁၄/၁)၊ လယ် (၇၂) ဧကအတွင်း သစ်စိမ်း မြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေး အပ်ပွဲ၊ မျိုးစေ့ကြဲပက်ခြင်းနှင့် စပါးမျိုးစေ့ချကိရိယာ (Dram Seeder) များ ပေးအပ်ပွဲကို မေလ (၁၇) ရက်နေ့ နံနက် (၈)နာရီအချိန်က အဆိုပါကျေးရွာတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1727
Page
1728
Page
1729
Page
1730
Current page
1731
Page
1732
Page
1733
Page
1734
Page
1735
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department