ကဝ ဒီဇင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ မြောက်ဈေးဖလုံကျေးရွာရှိ မြောက်ဈေးဖလုံစိုက်/ထွေသမဝါယမအသင်းလိမိတက်တွင် လူမှုစီးပွားမြှင့်တင်ရေး (သက်တန့်ရောင်စီမံကိန်း) ဖြင့်ဆောင်းဆီထွက်သီးနှံ (မြေပဲ) စိုက်ပျိုးထားမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက တောင်သူဦးသန်းတင်၏ လယ်မြေ၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ချောစုလှိုင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးဇေယျာဝင်းနှင့် ဝန်ထမ်းများ၊ သမဝါယမအသင်းစုဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြောက်ဈေးဖလုံစိုက်/ထွေသမဝါယမအသင်းလိမိတက်မှ အသင်းသားတောင်သူ(၁၅)ဦး၏ လယ်မြေ(၆၅)ဧက၌ ဗီယက်နမ်(ဝက်လူး)မျိုး စိုက်ပျိုးထားမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)