Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကယားပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာကျောင်းများနှင့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း ဖွင့်လှစ်ရန်ပြင်ဆင်နေမှုများအား ကြည့်ရှုစစ်ဆေး
May 17,2025
ကယားပြည်နယ်အစိုးရအဖွဲ့သည် အဆင့်မြင့်ပညာ၊ အခြေခံပညာကျောင်းများနှင့် သိပ္ပံကျောင်းများ ဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများနှင့်အတူ အခြေခံပညာအထက်တန်းကျောင်းခွဲ(နမ့်ကွတ်)၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းနှင့် အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်) ကျောင်းများ ဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
ဗိုလ်တထောင်မြို့နယ်တွင် တိုင်းရင်းဆေးကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်
May 17,2025
ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ကျန်းမာရေးဗဟုသုတရရှိစေရန် ဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသခြင်းကို ယမန်နေ့ နေ့လယ် ၁ နရီခွဲက ဗိုလ်တထောင်မြို့နယ် ပညာရာမိကမဟာကျောင်းတိုက် ဓမ္မာရုံအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အလုံမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးအသိပညာပေးခြင်းနှင့် ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ်အကြောင်း ဟောပြောပွဲကျင်းပ
May 17,2025
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသဇင်ခိုင် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊ သူနာပြုတက္ကသိုလ်မှ သင်တန်းသား၊ သင်တန်းသူများနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၌ ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ Dip EP အပတ်စဉ် (၁/၂၀၂၅) တက်ရောက်နေသော ဆရာ၊ ဆရာမများအား ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှုအားပေး၊ အထူးကုဆရာဝန်ကြီးများ အခမဲ့ကွင်းဆင်းဆေးကုသပေးနေမှု…
May 17,2025
မွန်ပြည်နယ်အတွင်း သန့်ရှင်း၍စိမ်းလန်းစိုပြည်သော အခြေခံပညာစာသင်ကျောင်းများအားဖော်ဆောင်ပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းဝင်းအတွင်းနှင့် ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များ၊ အမှိုက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်းစိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်ပေးနေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ သန့်ရှင်းသပ်ရပ်ပြီး စိမ်းလန်းစိုပြည်သာယာလှပစေရေး စိုက်ပျိုးဆောင်ရွက်ထားရှိမှုများ၊ အင်ဂျန်းခချောင်းရေထိန်းတံခါးတည်ဆ…
May 17,2025
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့အား သန့်ရှင်းသပ်ရပ်ပြီး စိမ်းလန်းစိုပြည်သာယာလှပစေရေးအတွက် ပန်းမြို့တော်စီမံကိန်းဖြင့်လည်းကောင်း၊ ပြည်သူပူးပေါင်းပါဝင်သည့် အမှိုက်သိမ်းစနစ်ဖြစ်ပေါ်လာစေရေးအတွက်လည်းကောင်း စီမံဆောင်ရွက်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့ပေါ်ရှိ လမ်းမကြီးများတွင် အရိပ်ရပန်းပွင့်သည့် အပင်ကြီးမျိုးများ ဖူးပွင့်ဝေဆာနေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြခရိုင် ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများက အ-ထ-က ရွာသစ်တွင် စုရပ်ပြုလုပ်ကာ ကွင်းဆင်းဆေးကုသပေးမည်
May 17,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ-ထ-က ရွာသစ်တွင် အဆိုပါကျေးရွာနှင့် အိမ်မဲမြို့နယ်အတွင်ရှိ ကျေးရွာများမှ ပြည်သူများအား မြောင်းမြခရိုင် ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများက လာရောက်စမ်းသပ်စစ်ဆေး ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျုံပျော်တွင် အောင်ပွဲရ အမျိုးသမီးဘော်လီဘော အသင်းအား ဂုဏ်ပြုကြိုဆို
May 17,2025
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ အောင်ပွဲရ ကျုံပျော်ခရိုင် အသင်းအား ဂုဏ်ပြုကြိုဆိုပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့တွင် မေလ ၁၇ ရက် နေ့လည် ၁၂ နာရီ အချိန်က ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ရေးမြို့နယ်အတွင်း တရားမဝင် ဆင်းကတ် (SIM Card) များ နှင့် တရားမဝင် စလောင်းစက်များ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး
May 17,2025
မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်အတွင်း တရားမဝင်ဆင်းကတ် (SIM Card ) များ ရောင်းချမှုမရှိစေရေးနှင့် နိုင်ငံတော်သို့ အခွန်ငွေပေးသွင်းထားမှုမရှိသော တရားမဝင် (PSI & IPM) စလောင်းစက်များ ရောင်းချမှုမရှိစေရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1729
Page
1730
Page
1731
Page
1732
Current page
1733
Page
1734
Page
1735
Page
1736
Page
1737
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department