အမြို့မြို့အနယ်နယ်သတင်းများ

Dec 30,2025
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အား ဧရာဝတီမြစ်ရေကြီးမြင့်မှုမှ ကာကွယ်နိုင်ရေးအတွက် ပြည်နယ်အစိုးရဖွဲ့အနေဖြင့် မြို့၏ မြစ်ရေနှင့်ထိစပ်သည့် ဧရိယာတစ်လျှောက် ကျောက်စီမြေထိန်း တမံများ၊ ရေထိန်းတံခါးစီမံကိန်းများကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးမလိခခန်းမ၌ ရေကြောင်းဖွံ့ဖြိုးရေးအတွက် မြစ်တွင်းသောင်တူးဖော်ခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 30,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက အ.ထ.က(ကြို့ပင်ကောက်)ကျောင်းတွင် ယနေ့က ကျောင်းသား/သူများ လက်ဝယ်အရောက်အခမဲ့ ဖြန့်ဝေခဲ့ကြသည်။
Dec 30,2025
ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အပိုင်း (၁) ကို မြစ်ကြီးနားမြို့နယ်အတွင်း နံနက် ၆ နာရီက စတင်၍ မဲရုံများဖွင့်လှစ်၍ ပြည်သူများမဲပေးခြင်းကို ကျင်းပပြုလုပ်ခဲ့ကြပြီး ညနေ ၄ နာရီမဲရုံများ ပိတ်သိမ်းချိန်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်သည် မဲရုံများပိတ်သိမ်းနေမှုနှင့် ကြိုတင်ဆန္ဒမဲလက်မှတ်များ ရေတွက်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
Dec 30,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ကောက်ခံလျက်ရှိသည့် အခွန်များနှင့်စပ်လျဉ်း၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကို ဒီဇင်ဘာလ (၂၉)ရက်နေ့ နေ့လည်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ပြုလုပ်ခဲ့သည်။
Dec 30,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ အ‌ခြေခံပညာမူလတန်းကျောင်း (မိုင်းယိုင်း)၏ (၂၀၂၅-၂၀၂၆) ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာ‌ရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 30,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ဘုမ္မော်ရပ်ကွက်၊ ကွင်းအမှတ်-၁၄/၆၌ ရွှေဝါမြေစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းလီမီတက်မှ အသင်းသားတောင်သူ ဦးဟန်စိန်၏ မိုးစပါးဧက ၅၀ ၌ ယနေ့မွန်းလွဲတွင် မိုးစပါးရိတ်သိမ်းလျက်ရှိသည်။
Dec 30,2025
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက်ပိုင်းကစတင်ပြီး (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်အလံလွှင့်ထူကြိုဆိုခဲ့ကြောင်း သိရသည်။