ကျောက်ကြီးမြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အား နိုင်ငံတော်အလံလွှင့်ထူကြိုဆို

ကျောက်ကြီး ဒီဇင်ဘာ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက်ပိုင်းကစတင်ပြီး (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်အလံလွှင့်ထူကြိုဆိုခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ခြင်းမှာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေလင်းနှင့် အဖွဲ့ဝင်များ စီမံမှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်ပြီး၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်အလံများအား လူစည်ကားရာ မြို့မစည်ပင်စျေးနှင့် လွတ်လပ်ရေးကျောက်တိုင်ရှေ့တို့မှ စတင်ပြီး ကျောက်ကြီး မြို့လယ်တံတားပေါ်အထိ နိုင်ငံတော်အလံများစိုက်ထူခဲ့ခြင်းဖြစ်ကြောင်း၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အား ကျောက်ကြီးမြို့နေ ဒေသခံပြည်သူများ မြန်မာတို့၏ နေ့ထူးနေ့မြတ်ကို အောက်မေ့သတိရစေရန်၊ ယနေ့ ကျောင်းသားလူငယ်များ လွတ်လပ်ရေးသမိုင်းကြောင်းကို သိရှိစေရန်နှင့် လွတ်လပ်ရေးကို တန်ဖိုးထားတတ်စေရန် ရည်ရွယ်ကြောင်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့၏ ပြောကြားချက်အရသိရပြီး နိုင်ငံတော်အလံများကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့အထိ လွှင့်ထူသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)