ကြို့ပင်ကောက် ဒီဇင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက အ.ထ.က(ကြို့ပင်ကောက်)ကျောင်းတွင် ယနေ့က ကျောင်းသား/သူများ လက်ဝယ်အရောက်အခမဲ့ ဖြန့်ဝေခဲ့ကြသည်။
ကျောင်းသား/သူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် သတင်းစကား လက်ကမ်းစာစောင်တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်(၄)ရပ်၊ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘာတူစာချုပ် (NCA)(၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားခဲ့သော မိန့်ခွန်းမှကောက်နုတ်ချက်၊ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းအကျဉ်း၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာ၊ ကာတွန်းများ စသည်တို့ပါဝင်ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကြို့ပင်ကောက်မြို့နယ်ရုံးမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ ဒေသခံပြည်သူများထံ စောင်ရေ ၄၅၀ စောင်အား လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း (ကြို့ပင်ကောက်)