အမြို့မြို့အနယ်နယ်သတင်းများ

Jun 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၁ဝး၀၀)နာရီကစ၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းစုရပ်၌ ဆက်လက် ထိုးနှံပေးကြောင်း သိရသည်။
Jun 09,2022
မြို့သစ်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီတွင် မိုးစပါး( ၄၆၆) ဧကစိုက်ပျိုးရန်လျာထား ဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးဧရိယာတွင် အခြားသီးနှံ ပဲမျိုးစုံ နေကြာ အစရှိသော ပဲအမျိုးမျိုးအတွက်လည်း စိုက်ပျိုးရေပေးဝေသွားမည်ဖြစ်သည်။
Jun 09,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများနှင့် ကျောင်းဝတ်စုံလိုအပ်သည့် ကျောင်းသား/ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ညနေ ၄ နာရီက ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 09,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
Jun 09,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ စု‌ပေါင်း၍  ယမန်နေ့နံနက်ပိုင်းတွင် ကြို့ပင်သာကျေးရွာအုပ်စု၊ ထွဋ်မြတ်စံပြကျေးရွာသို့ အသိပညာပေး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 09,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ရှေးဦးပြုစုခြင်းအသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Jun 09,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူအသိပညာပေး လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ မိုးရာသီအတွင်း ဖြစ်ပေါ်လာမည့် ဆိုင်ကလုန်းမုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ မျောက်ကျောက်ရောဂါ ဆိုင်ရာကိစ္စရပ်များ