ပြည်သူအသိပညာပေး နံရံကပ်စာစောင်ပြပွဲ သန်လျင် အ.ထ.က. (၁) ၌ ကျင်းပ

သန်လျင် ဇွန် ၉

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူအသိပညာပေး လုပ်ငန်းများအား  ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ မိုးရာသီအတွင်း ဖြစ်ပေါ်လာမည့် ဆိုင်ကလုန်းမုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ မျောက်ကျောက်ရောဂါ ဆိုင်ရာကိစ္စရပ်များ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ဆိုင်ရာ ကိစ္စရပ်များ စသည့်ပြည်သူတို့ သိသင့်သိထိုက်သည့် သတင်းအချက်အလက်များ၊ မှတ်တမ်းဓာတ်ပုံများကို  ခရိုင်ရုံးပြခန်းတွင် ခင်းကျင်းပြသသကဲ့သို့ ယမန်နေ့ နံနက်တွင်လည်း ကျောင်းသား၊ ကျောင်းသူများ အသိပညာ၊ ဗဟုသုတရရှိစေရန် သန်လျင်မြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမတွင် အဆိုပါ နံရံကပ် စာစောင်များအား ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြသည်။

အဆိုပါ နံရပ်ကပ်စာစောင်ပြပွဲသို့ သန်လျင်  အ.ထ.က (၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုလှိုင်နှင့် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံးဝန်ထမ်းများက ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)