မိုင်းပျဉ်းမြို့၌ ရှေးဦးပြုစုခြင်း အသိပညာပေး Talk Show ကျင်းပ

မိုင်းပျဉ်း ဇွန် ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ရှေးဦးပြုစုခြင်းအသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးပြုစုခြင်း အသိပညာပေး Talk Show ဆောင်ရွက်ရာတွင် ရှေးဦးပြုစုခြင်း၏ အကျိုးကျေးဇူး၊ အဓိပ္ပါယ်နှင့်ရည်ရွယ်ချက်များ၊ လူနာတစ်ဦးအားတွေ့ရှိပါက ဆန်းစစ်ပုံအဆင့်ဆင့်၊ အပူလောင်နာတစ်ဦးအားပြုစုနည်း၊ သွေးဆုတ်သွေးလန့်ဖြစ်သော လူနာအားပြုစုနည်း၊ လက်ကျိုး/လက်ဆစ်လွှဲလူနာအားပြုစုနည်း၊ မူးမေ့ခြင်းဖြစ်နေသော လူနာအားပြုစုခြင်း၊ ခွေး/ကြောင်ကိုက်သော လူနာအားပြုစုနည်းစသဖြင့် ရှေးဦးပြုစုခြင်းများကို မိုင်းပျဉ်းမြို့နယ် ကြက်ခြေနီတပ်ဖွဲ့တပ်စုမှူးတွဲဖက်နည်းပြ ဒေါ်ချမ်းမြေ့က အသေးစိတ်ဆွေးနွေးပါသည်။

အဆိုပါ ရှေးဦးပြုစုခြင်း အသိပညာပေး Talk Show အစီအစဉ်ကို မိုင်းပျဉ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိုင်းပျဉ်းမြို့နယ်၊ ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

နန်းသန္တာဦး(ပြန်/ဆက်)