အမြို့မြို့အနယ်နယ်သတင်းများ

Jun 14,2022
ရန်ကုန်‌ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား/ကျောင်းသူများအား ယနေ့နံနက် (၉)နာရီက အခြေခံပညာကျောင်းများတွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jun 14,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒေသကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးနှင့် ကျေးလက်ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများမှ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက သရက်တပင် ကျေးရွာအုပ်စု၊ ရှားဖြူကုန်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 14,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် မြို့သန့်ရှင်းသာယာလှပစေရေးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့မှမြို့တွင်းလမ်းဘေးဝဲယာရှိ ရေမြောင်းများအား ရေစီးရေလာကောင်းမွန်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်ကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 14,2022
စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသား/ ကျောင်းသူများအတွက် Physical Fitness Danceနှင့် ကရာတေးဒိုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇွန်(၁၄)ရက်၊ နံနက်(၉)နာရီက အဆိုပါ တက္ကသိုလ်ရှိ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Jun 14,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ သွေးလွန်တုတ်ကွေးရောဂါများ မဖြစ်ပေါ်စေရန်အတွက် ကြို တင်ကာကွယ်ရေးအနေဖြင့်  ယနေ့ နံနက် ၈ နာရီ အချိန်က တောင်ရပ် ရပ်ကွက်သို့ သွားရောက်၍ သွေးလွန်တုတ်ကွေးရောဂါ  ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေး ဟော ပြောခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 14,2022
ခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ရမ်းဗြဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့်  အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ရမ်းဗြဲမြို့နယ်၊ ရမ်းပေါက်ချောင်းဖျားအုပ်စု၊ ထိန်တွေကျေးရွာတွင် ကျင်းပပြုလုပ်ကြကြောင်းသိရသည်။
Jun 14,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် မြို့ပေါ်ရပ်ကွက်များအတွင်း လမ်းဘေးဝဲယာတစ်လျောက် ပေါင်းမြက်သစ်ပင်များအား  ခုတ်ထွင်ရှင်းလမ်းခြင်းနှင့် ရေမြောင်းများအတွင်း အမှိုက်များ ပိတ်ဆို့မှုမရှိစေရန် ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိသည်။