ကံမမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းတူးဖော်ဆောင်ရွက်

ကံမ ဇွန် ၁၄

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် မြို့ပေါ်ရပ်ကွက်များအတွင်း လမ်းဘေးဝဲယာတစ်လျောက် ပေါင်းမြက်သစ်ပင်များအား  ခုတ်ထွင်ရှင်းလမ်းခြင်းနှင့် ရေမြောင်းများအတွင်း အမှိုက်များ ပိတ်ဆို့မှုမရှိစေရန် ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ယနေ့ နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက် ကျောင်းကုန်းရပ် မြို့ပတ်လမ်းနံဘေးတွင် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းတူးဖော်နေမှုအား မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်လှိုင်တို့က ကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)