ပလောက်မြို့တွင် ရေမြောင်းများအား ရေစီးရေလာကောင်းမွန်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

ပလောက်   ဇွန်  ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် မြို့သန့်ရှင်းသာယာလှပစေရေးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့မှမြို့တွင်းလမ်းဘေးဝဲယာရှိ ရေ မြောင်းများအား ရေစီးရေလာကောင်းမွန်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်ကဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေမြောင်းများအား ရေစီးရေလာကောင်းမွန်စေရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူများ မိုးတွင်းကာလအတွင်းခြင်မှတစ်ဆင့်ကူးစက်တတ်သော သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ်မှ ကင်းဝေးမှာဖြစ်ကြောင်း မြို့စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးမှ အသိပညာပေး ပြောကြားပြီးနောက် မြို့အတွင်း လမ်းဘေးဝဲယာအိမ်များရှိရေမြောင်းများတွင် ပိတ်ဆို့နေသည့် အမှိုက်သရိုက်များအား ရှင်းလင်းရန် မှာကြာ ခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာသို့ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှခေတ္တမြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုး၊မြို့စည်ပင်သာယာရေးအဖွဲ့ မြို့ဦးစီးမှူး ဦးသွင်စည်သူကျော်ထွေး၊ မြို့လမ်းဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်မြို့မိ/မြို့ဖများပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နှင်းမြူလွင် (ပလောက်)