မြောက်ဦးမြို့၌ သွေးလွန်တုတ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ကျန်းမာရေး အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

မြောက်ဦး ဇွန် ၁၄

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ သွေးလွန်တုတ်ကွေးရောဂါများ မဖြစ်ပေါ်စေရန်အတွက် ကြို တင်ကာကွယ်ရေးအနေဖြင့်  ယနေ့ နံနက် ၈ နာရီ အချိန်က တောင်ရပ် ရပ်ကွက်သို့ သွားရောက်၍ သွေးလွန်တုတ်ကွေးရောဂါ  ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေး ဟော ပြောခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုကို မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့များ ပူးပေါင်းပြီး ၎င်းရပ်ကွက်အတွင်းရှိ ပြည်သူများနေအိမ်သို့သွားရောက်ကာ ဘုရားညောင်ရေ ပန်းအိုးများကို ဖုံး၊ သွန်၊ လှဲ၊ စစ် ပြုလုပ်ပေးခြင်း၊ ခြင်ကျား လောက်လန်းမပေါက်ပွားစေရန်အတွက် ခြင်ခိုအောင်းပေါက်ပွားနိုင်သော ရေလှောင်ကန် များ၊ ရေစည်များ၊ ရေတွင်း၊ ရေကန်များထဲသို့ ပိုးလောက်လန်းသေအဘိတ်ဆေးများ ခပ်ပေးခြင်းများနှင့် ကျန်းမာရေးအသိပညာခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြင့်စိုး (ပြန်/ဆက်)