စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် Physical Fitness Danceနှင့် ကရာတေးဒိုသင်တန်းဖွင့်ပွဲကျင်းပ

စစ်ကိုင်း ဇွန် ၁၄

စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသား/ ကျောင်းသူများအတွက် Physical Fitness Danceနှင့် ကရာတေးဒိုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇွန်(၁၄)ရက်၊ နံနက်(၉)နာရီက အဆိုပါ တက္ကသိုလ်ရှိ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာမြတ်မြတ်သော်က ကျောင်းစာအပြင် အားကစားများကိုလည်း စိတ်ဝင်စားစွာ ကစားသွားကြစေလိုကြောင်း အားကစားလှုပ်ရှားခြင်းဖြင့် ကျန်းမာရေးအတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အကူပြုပေးသလို ကျန်းမာရေးကောင်းမွန်းမှာသာ မိမိတို့ရဲ့ မျှော်မှန်းချက်/ ရည်ရွယ်ချက်များ ပြည်စုံနိုင်မည်ဖြစ်ကြောင်း၊ အားကစားသည် ကိုယ်ကာယဆိုင်ရာ ရုပ်ပိုင်းကိုသာ သန်မာစေသည်မဟုန်ဘဲ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကိုပါ အထောက်အကူပြုပေးသွားမှာဖြစ်ကြောင်း၊ တနည်းအားဖြင့်လည်း ကျောင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုနဲ့ ရင်းနှီးချစ်ခင်လာမှာဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးပါက ပြိုင်ပွဲများကျင်းပပေးသွားမှာဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

အဆိုပ်သင်တန်းကို ဇူလိုင်(၁၅)ရက်နေ့အထိ သင်တန်းဖွင့်လှစ်ပို့ချပေးသွားမှာဖြစ်ပြီး သင်တန်းဖွင့်ပွဲသို့ စစ်ကိုင်းပညာရေးတက္ကသိုလ်ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ သင်တန်း/ စီမံဌာနများမှပါမောက္ခများ၊ မော်ကွန်းထိန်း/ လက်ထောက်မော်ကွန်းထိန်းနှင့် ကျောင်း သား/ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင် (ပြန်/ဆက်)