Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဒေးဒရဲမြို့နယ်၌ ကာကွယ်ဆေးမထိုးနှံရသေးသည့်ကလေးများအား Big catch up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ စတင်ဆောင်ရွက်
Jan 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ အသက်(၁)နှစ်မှ(၅)နှစ်အရွယ်ရှိပြီး ကာကွယ်ဆေးတစ်ကြိမ်မျှ မရရှိသေးသည့် ကလေးများနှင့် အသက်အရွယ်အလိုက် သတ်မှတ်ထားသည့် ကာကွယ်ဆေးများ အကြိမ်ပြည့်မရရှိသေးသည့်ကလေးငယ်များအား ကာကွယ်ဆေးအကြိမ်ပြည့် ရရှိစေရေးအတွက် အသက်(၁)နှစ်မှ(၅)နှစ်အထိ ကလေးငယ်များအား Big catch up အမီလိုက် ကာကွယ်ဆေးများအား ယမန်နေ့ကစတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနှင့် တိုက်နယ်အုပ်စုအလိုက် စတင်ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်္ဂပူမြို့နယ်တွင် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းများဆောင်ရွက်
Jan 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြန်အောင်မြို့ ဝေဠုဝန်ဆရာတော်မဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တစာရိန္ဒ၏(၆၀)နှစ်ပြည့် ဝိဇာတမင်္ဂလာပွဲနှင့် ဝေဠုဝန်ပရိယတ္တိ သာသနာ့ဗိမာန်တော်ကြီး ရေစက်ချမင်္ဂလာအခမ်းအနား…
Jan 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ ဝေဠုဝန်ပရိယတ္တိစာသင်တိုက် အတုလသယမ္ဘူ မြတ်စွာဘုရားကြီး ဗုဒ္ဓပူဇနိယအနေကဇာတင်မင်္ဂလာ၊ ဝေဠုဝန်ဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တစာရိန္ဒ၏(၆၀)နှစ်ပြည့် ဝိဇာတမင်္ဂလာပွဲနှင့်ဝေဠုဝန်ပရိယတ္တိ သာသနာ့ဗိမာန်တော်ကြီး ကျောင်းရေစက်ချ မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယုမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြ
Jan 22,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်
Jan 22,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ် ဝမ်ယေးကျေးရွာ၌ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြော
Jan 22,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် သစ်တောဦးစီးဌာန၏ စီစဉ်မှုဖြင့် သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြောဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီအချိန်က နားခံကျေးရွာအုပ်စု ဝမ်ယေးကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ Youth Club အဖွဲ့နှင့် Book Club အဖွဲ့ဝင်များပူးပေါင်း၍ စာဖတ်ဝိုင်းဆောင်ရွက်
Jan 22,2025
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် Youth Club အဖွဲ့နှင့် Book Club အဖွဲ့ဝင်များပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက စာရေးဆရာ မြင်းခြံကျော်အောင် ရေးသားသော ကြီးပွားချမ်းသာနည်းများစွာ စာအုပ်ကို စာဖတ်ဝိုင်းကျင်းပ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းလပ်မြို့ Community Centre ခန်းမ၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) ကဗျာရွတ်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပ
Jan 22,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးများအား စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် ကာယဉာဏဖွံ့ဖြိုးတိုးတတ်စေရေးအတွက် အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) ကဗျာရွတ်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1683
Page
1684
Page
1685
Page
1686
Current page
1687
Page
1688
Page
1689
Page
1690
Page
1691
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department