အမြို့မြို့အနယ်နယ်သတင်းများ

May 20,2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းခရိုင်/မြို့နယ်အဆင့် ဘာသာရပ်စွမ်းရည် မြှင့်ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။
May 20,2025
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ တိက္ခပညာခန်းမ၌ ကျင်းပသည်။
May 20,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင် ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မော်တောင် ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့နံနက် ၁၀ နာရီအချိန်မှ စတင်၍ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့သည့် ငလျင်ဘေးသင့်ပြည်သူများအား စားသုံးကုန်ပစ္စည်းများ ပေးအပ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 20,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ဆိုလာမြစ်ရေတင်ဖြင့် နွေစပါး ၁၀၀ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများထံက သိရသည်။
May 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ အောက်ပုဇွန် တောင်လမ်းရှိ ထာဝရဆွမ်းလောင်းအသင်းဓမ္မာရုံ၌ မေလ ၁၈ ရက်နေ့ ညနေ ၄ နာရီက ပထမ အကြိမ်မြောက်  ထာဝရဆွမ်းလောင်းအသင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
May 20,2025
မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ တုန့်ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများအနေဖြင့် ပုသိမ်ကြီးမြို့နယ်ရှိ ငလျင်ဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးအပ် ခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက ပုသိမ်ကြီးမြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၌ ဆောင်ရွက်သည်။
May 20,2025
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဦးဆောင်မှုဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်(စ)တွင်ပင်လယ်ကမ်းရိုးတန်းရှိ တိုင်းဒေသကြီး/ပြည်နယ် များတွင် အဏ္ဏဝါအမှိုက်သရိုက်စစ်တမ်း ကောက်ယူခြင်းဆိုင်ရာလမ်းညွှန်စာအုပ်အားအသုံးပြု၍ အဏ္ဏဝါအမှိုက်သရိုက်စစ်တမ်းကောက်ယူခြင်းကို မေလ ၁၈ ရက်နေ့က  ပထမအကြိမ် ထားဝယ်မြစ် ကမ်းနား လမ်းဘေးရှိပြည်သူ့အပန်းဖြေရင်ပြင်နှင့် ထားဝယ်မြစ်ဒီရေကျချိန်တွင် ဆောင်ရွက်ခဲ့ကြသည်။
May 20,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် (၂၀၂၅-၂၀၂၆) ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ သတ်မှတ်ထားပြီး ပြည်သူအားလုံး ပူးပေါင်းပါဝင်နိုင်ရေးအတွက် “ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာ စိုက်ထူပွဲကို ယနေ့ နံနက်ပိုင်း ၈ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် ကျင်းပခဲ့သည်။