ပိုင်ကျုံမြို့ အ-ထ-က(ခွဲ) အထက်ပိုင်ကျုံကျောင်း၌ ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး စုပေါင်းဆောင်ရွက်

ပိုင်ကျုံ  မေ ၁၈

ကရင်ပြည်နယ်၊  ဘားအံခရိုင်၊  ပိုင်ကျုံမြို့၊  အ-ထ-က(ခွဲ)  အထက်ပိုင်ကျုံကျောင်း၌  ၂၀၂၆-၂၀၂၇ ပညာ သင်နှစ်တွင် ကျောင်းသား၊ကျောင်းသူများ  ကျန်းမာရေးနှင့်ညီညွတ်စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းသန့်ရှင်းသာယာလှပရေးအတွက် မေ ၁၈ရက် နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်သည်။

အဆိုပါ   စုပေါင်းသန့်ရှင်းရေးပြုလုပ်မှုအား  အ-ထ-က(ခွဲ)  အထက်ပိုင်ကျုံ   ကျောင်းအုပ်ဆရာမကြီး၏ ကြီးကြပ်မှုဖြင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသားကျောင်းသူများတို့မှ  ကျောင်းဝင်းအတွင်းရှိ   သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊  ချုံပင်၊ နွယ်ပင်နှင့်မြက်ပင်များ ရှင်းလင်းခြင်း၊ ကျောင်းဆောင်အတွင်းရှိ အမှိုက်သရိုက်များ တံမြက်စည်းလှည်းခြင်းတို့ ဆောင်ရွက်သည်။

ထိုလုပ်ငန်းကို ကျောင်းအပ်နှံရေးနေ့မရောက်မီကာလအတွင်း ရပ်ကွက်/ကျေးရွာအတွင်းရှိ အခြေခံပညာ ကျောင်းများတွင် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများနှင့်     ကျောင်းအုပ်ကြီးများ ဦးဆောင်မှုဖြင့် စုပေါင်းသန့်ရှင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)