မူဆယ်မြို့တွင် သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

မူဆယ် ဇူလိုင် ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်၊ မြန်မာ-တရုတ်နှစ်နိုင်ငံ ၊ ဝင်ထွက်ဂိတ်(ဆင်ဖြူဂိတ်)အနီး ဆင်ဖြူအိမ်ယာပတ်လမ်းတစ်လျှောက်တွင် ယမန်နေ့မနက် ၈ နာရီအချိန်က စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ စုပေါင်း၍  စုစုပေါင်းအင်အား(၂၀၀) ခန့်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးအောင်ဇော်မိုးနှင့်အဖွဲ့ဝင်များ၊ ရမခစနရစစ်ဦးစီးမှူး(ပထမတန်း)ဒုတိယဗိုလ်မှူးကြီး ဝင်းမင်းလတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းနှင့်အဖွဲ့များကလည်း အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)