အမြို့မြို့အနယ်နယ်သတင်းများ

Jan 03,2026
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်သည် ယနေ့နံနက်ပိုင်းက ကချင်ပြည်နယ်လွှတ်တော်ရုံး၌ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် မြန်မာအီလက်ထရောနစ် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း မွမ်းမံသင်တန်းဖွင့်လှစ်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Jan 03,2026
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲ၊ ဂုဏ်ထူးဆောင်ဆု၊ ဆုတံဆိပ်နှင့် ဆုပစ္စည်းများ အပ်နှင်းပွဲ၊ မနောပွဲ အကဖြင့် စုပေါင်းဆင်နွှဲနိုင်ရေးစသည့် အထိမ်းအမှတ်အခမ်းအနားများ ထည့်သွင်း၍ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ခါကာဘိုရာဇီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
Jan 03,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးဘေးစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက အုတ်တွင်းမြို့နယ် ကြက်သွန်ခင်း(၁)ရပ်ကွက်နှင့်ကျွဲပွဲမြို့ မြို့ပေါ်အမှတ်(၁)ရပ်ကွက်အတွင်းရှိ နေအိမ်များအား တစ်အိမ်တက်ဆင်းလိုက်လံစစ်ဆေးခြင်းနှင့် အကြံပြုခြင်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
Jan 03,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ အခြေခံပညာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်း ကျောင်း (အထက-ခွဲ၊အလက-၂) သုံးထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက အဆိုပါကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jan 03,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဒုတိယအပိုင်း(၂)ကို ဇန်နဝါရီလ(၁၁)ရက်နေ့တွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ရာ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးရာတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များ INSTALLATION တပ်ဆင်အသုံးပြုခြင်းများကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
Jan 03,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးမောင်(ရှမ်းအရှေ့တာဝန်ခံ)သည် ယမန်နေ့နံနက်ပိုင်းက  တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Jan 03,2026
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ သာသနစက္ကပ္ပဝတ္တကအသင်းကြီး၏ (၂၃)ကြိမ်မြောက် သာသနာလင်္ကာရအကျော် စာတော်ပြန်ပွဲ ဘွဲ့ဆက်ကပ်ပူဇော်ပွဲကို ယမန်နေ့ နေ့လယ် ၁၂ နာရီ အချိန်က အမှတ်(၁၅)ရပ်ကွက်၊ မြို့မလမ်းရှိ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သည်။
Jan 03,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်အသုံးပြုမည့် MEVM မဲပေးစက် (၅၅၉) လုံးအား Installation လုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။