Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျိုက်လတ်၌ အခြေခံပညာ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းများ ဖွင့်လှစ်ပို့ချ
May 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားပေးလျက်ရှိသော ဆရာ/ဆရာမများအား သင်ကြားမှုစွမ်းရည် ပိုမိုမြင့်မားလာစေရန်ရည်ရွယ်၍ ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ပို့ချလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကွန်ဟိန်းမြို့၌ ကင်းထောက်လူငယ်သင်တန်း ဖွင့်လှစ်
May 19,2025
ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များ ဖြစ်လာစေရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယနေ့နံနက် (၉) နာရီက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကင်းထောက်လူငယ်သင်တန်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပုံးမြို့နယ်၌ "ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆိုင်းဘုတ်စိုက်ထူခြင်း ဆောင်ရွက
May 19,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် "ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့မွန်းတည့် (၁၂)နာရီအချိန်က ဟိုပုံး-လွိုင်လင်သွား ပြည်ထောင်စုလမ်းမကြီးဘေးလမ်းဆုံတွင် ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ဖြူမြို့နယ်၌ နွေသီးနှံ (၅၅၇) ဧက စိုက်ပျိုးနိုင်ပြီး မိုးသီးနှံအတွက် (၇၁၀၁၇) ဧက စိုက်ပျိုးနိုင်ရန်လျှာထားဆောင်ရွက်လျက်ရှိ
May 19,2025
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်နွေသီးနှံကို (၅၅၇) ဧက စိုက်ပျိုးဆောင်ရွက်နိုင်ပြီး၊ ၂၀၂၅ အဓိက မိုးသီးနှံ(၇၁၀၁၇)ဧက စိုက်ပျိုးနိုင်ရန်လျှာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဥ် (၁၃) သင်တန်းဖွင့်ပွဲ ကျင်းပ
May 19,2025
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နိုင်ငံသားကောင်း ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၁၃) သင်တန်းဖွင့်ပွဲကို တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း စစ်ရေးပြကွင်းတွင် ယနေ့နံနက် နံနက် (၈) နာရီခွဲက ကျင်းပရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်းမှ တာဝန်ရှိသူများ၊ ဒေသ/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စစ်မှုထမ်းဟောင်းအဖွဲ့များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ချောက်မြို့၌ စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်
May 19,2025
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဒေါ် မြတ်မြတ်မိုး ဦးဆောင်၍ ယနေ့ နံနက် ၁၀ နာရီအချိန်က ချောက်မြို့ပေါ်ရှိ စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ
May 19,2025
မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရ စီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘုတ်ပြင်းမြို့နယ်၌ ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူ
May 19,2025
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံး၊ မြို့မဈေးလမ်းဆုံနှင့် မြန်မာ့စီးပွားရေးဘဏ်လမ်းဆုံတို့တွင် စိုက်ထူခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1679
Page
1680
Page
1681
Page
1682
Current page
1683
Page
1684
Page
1685
Page
1686
Page
1687
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department