မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ လူငယ်နဲ့အခွင့်အလမ်းစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ

မရမ်းကုန်း ဇူလိုင် ၂၅

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ယ​နေ့ နံနက် ၁၀ နာရီအချိန်က    စာ​ရေးဆရာချစ်နိုင် (စိတ်ပညာ)​ ရေးသားထားသည့် လူငယ်နဲ့အခွင့် စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် စာ​ရေးဆရာ​မြေ လတ်ထင်​ကျော်မိုးက ဦး​ဆောင်ဖတ်ရှု​ဆွေး​နွေးရာတွင် နိုင်ငံတစ်နိုင်ငံ တိုးတက်မှုမြန်ဆန်​ရေးသည် နိုင်ငံသား​တွေရဲ့ ပညာရည် ဘယ်လောက်မြင့်သလဲဆိုသည့် အချက်​ပေါ်တွင် အများကြီးမူတည်ပါ​ကြောင်း၊ ပညာ​ရေးအဆင့်အတန်းမြင့်မားရင် နိုင်ငံတစ်နိုင်ငံကို အင်နဲ့အားနဲ့တွန်းတင်နိုင်ခဲ့သည့် သာဓကများမှာ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရှိခဲ့ပြီဖြစ်​ကြောင်း၊ လူငယ်​တွေအ​ပျော်အပါး၊ အရက်​သေစာနှင့် မူးယစ်​ဆေးဝါး၏ သား​ကောင်အဖြစ်မခံကြ​စေလို​ကြောင်းနှင့် တစ်ဦးချင်း တစ်ယောက်ချင်း လူငယ်လူကြီးအားလုံး ကိုယ့်​နေရာ၊ ကိုယ့်တာဝန်၊ ကိုယ့်အလုပ်ကိုသာအ​ကောင်းဆုံး လုပ်​ဆောင်သင့်​ကြောင်း​စသည်ဖြင့် ဆွေး​နွေးခဲ့သည်။

ထို့​​နောက်တက်​ရောက်လာသူများက ပြန်လည်​ဆွေး​နွေးခဲ့ကြ​ကြောင်း သတင်းရသည်။

အေး​အေး​အောင်(ပြန်/ဆက်)