ကြံခင်း ဇူလိုင် ၂၅
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ပူးပေါင်းပြီး နိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ် ဖွံဖြိုးတိုးတတ်စေရန်၊ အနာဂတ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်နှင့် အားကစားကဏ္ဍ ဖွံဖြိုးတိုးတတ်စေရန် ရည်ရွယ်ပြီး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက (အ.ထ.က-၂) ရွာသစ်တောင်ကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ (နည်းစနစ်မှူး) ဒေါ်ခင်မိုးဝါက လူငယ်နှင့်အားကစားဆိုင်ရာများ၊ လူငယ်များ သိထားသင့်သည့် အချက်(၁၆)ချက်နှင့် ပတ်သက်၍ အသိပညာပေး ရှင်းလင်းပြောကြားပြီးနောက် (အ.ထ.က-၂) ရွာသစ်တောင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နွဲ့နွဲ့ဝင်းအား အားကစားပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုနောက် ရိုးရာခြင်းလုံးဖြင့် (တိုင်းလက်ရွေးစင်) ရရှိသော အင်းလပ်အရှေ့ကျောင်းမှ (Grade-5)ကျောင်းသား မောင်သွန်းနေနှင့် အေရိုးဗစ်အကဖြင့် (မြို့နယ်အဆင့်)ရရှိသော (အ.ထ.က)ချင်းမြောင်ကျောင်းမှ (Grade-5)ကျောင်းသူ မသဲဆုမြတ်သူတို့က သရုပ်ပြ တင်ဆက်ကြပြီးနောက် (အ.ထ.က-၂) ရွာသစ်တောင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နွဲ့နွဲ့ဝင်းက ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်သည်။
အဆိုပါလူငယ်ရေးရာ ဟောပြောပွဲသို့ (အ.ထ.က-၂) ရွာသစ်တောင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နွဲ့နွဲ့ဝင်း၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ (၄၇၀)ဦး တတ်ရောက်ခဲ့ကြောင်းနှင့် တတ်ရောက်သူများကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက အားကစားဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)