မြောက်ဥက္ကလာပမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေး ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံ

မြောက်ဥက္ကလာပ ဇူလိုင် ၂၅

ရန်ကုန်တိုင်း‌ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊  မြောက်ဥက္ကလာပမြို့နယ်၌ ရွှေပေါက်ကံ ဒေသန္တရကျန်းမာရေးဌာန၊ မယ်လမုစင်တာနှင့်(ဌ)ရပ်ကွက် ဒေသန္တရကျန်းမာရေးဌာန တို့တွင် ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့်မီလွှမ်းခြုံနိုင်ရန်  ကာကွယ်ဆေး အကြိမ်ပြည့်မထိုးနှံရသေးသည့် ပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် ဆက်လက်ထိုးနှံပေးခဲ့‌ ကြောင်း သိရသည်။

အဆိုပါ ဆေးထိုးစုရပ်များတွင် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများအား ထပ်ဆောင်းကာကွယ်ဆေး Booster ထိုးနှံသူရွှေပေါက်ကံ ဒေသန္တရကျန်းမာ‌ရေးဌာနတွင် (၇၄၃) ဦး၊မယ်လမုစင်တာတွင်ဒုတိယအကြိမ် Covid Shield ထိုးနှံသူ(၈)ဦး၊ (ဌ)ရပ်ကွက်ဒေသန္တရ ကျန်းမာရေးဆေးခန်းတွင် ပထမအကြိမ် Covanxin ထိုးနှံသူ(၈၄) ဦး စုစုပေါင်း (၈၅) ဦးတို့အား ကာကွယ်‌ဆေးများကို ကျန်းမာရေးဝန်ထမ်းများက  ထိုးနှံ‌ပေးခဲ့ပြီး အခြေခံပညာကျောင်းများတွင်လည်း (၅)နှစ်မှ (၁၂)အတွင်း ကျောင်းသား၊ ကျောင်းသူများအား သတ်မှတ်ချက်များအလိုက် ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်တာဝန်ရှိသူများမှ လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်လျက်ရှိပြီး ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေချောမွေ့မှုရှိစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ လူမှုကူညီရေးအသင်းဝင်များ၊ မြို့နယ်ပညာရေးဌာနမှဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ဝိုင်းဝန်း၍ လိုအပ်သည်များ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။

လှလှထွေး