မိုးကုတ် ဇွန် ၉
မိုးကုတ်မြို့၊ ကျပ်ပြင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများဖြစ်သော ပတ္တမြားကျောင်းတိုက်၊ ဓမ္မနန္ဒကျောင်းတိုက်၊ လယ်တီဝံသကျောင်းတိုက်များမှ အသက်(၅)နှစ်မှ(၁၂)နှစ်၊ အသက်(၁၂)နှစ်မှ(၁၅)နှစ်၊ အသက်(၁၅)နှစ်မှ(၁၈)နှစ်အတွင်း ရှင်သာမဏေ၊ ကျောင်းသား၊ကျောင်းသူ(၁၆၀)ဦးအား ကိုဗစ်ကာကွယ်ဆေးများကို ပထမအကြိမ်အဖြစ် ကျောင်းတိုက်အသီးသီးတွင် ယမန်နေ့နံနက် ၉:၃၀ နာရီမှ နေ့လယ် ၁ နာရီအတွင်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင်သွေးတွင်း အောက်စီဂျင်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့မှ ပူးပေါင်းဆောင်ရွက်ပေးပြီး၊ ကျန်းမာရေးကောင်းမွန်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံပေးလျက်ရှိပါသည်၊၊
အလားတူ ဇွန်လ(၃)ရက်နေ့တွင် မိုးကုတ်မြို့အောင်ချမ်းသာရပ်၊ ဘုရားတစ်ထောင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ရှင်သာမဏေ၊ ကျောင်းသား/ကျောင်းသူ(၁၆၀)ဦးအား ကိုဗစ်ရောဂါကာကွယ်များ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ထိုးနှံရာတွင်အသက် ၅ နှစ်နှင့် ၁၈ နှစ်အောက်လူငယ်များ၊ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား မိုးကုတ်မြို့၊ မဏိရတနာခန်းမနှင့် ကျပ်ပြင်ပတ္တမြားရတနာခန်းမများတွင် အပတ်စဉ်အင်္ဂါနေ့နှင့်ကြာသပတေးနေ့ နှစ်ရက်အား ကိုဗစ်ကာကွယ် ဆေးထိုးနှံပေးပါလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး အထောက်အကူပြုအဖွဲ့ထံမှ သိရသည်။
နန်းခွာညိုနှင်း( ပြန်/ဆက် )