မိုင်းတုံမြို့နယ်အတွင်းရှိ စာသင်ကျောင်း၌ နယ်လှည့်ဟောပြောပွဲ၊ စာဖတ်ဝိုင်း၊ နံရံကပ်စာစောင်များနှင့် ဓာတ်ပုံပြပွဲများ ကွင်းဆင်းဆောင်ရွက်

မိုင်းတုံ ဇွန် ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက စာသင်ကျောင်းများသို့ နယ်လှည့်ဟောပြောပွဲ၊ စာဖတ်ဝိုင်း၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်က ကျောင်းသား၊ ကျောင်းသူများကို" မူးယစ်အန္တာရာယ်ကြိုတင်ကာကွယ်" အသိပညာပေးခေါင်းစဉ်ဖြင့် ဟောပြောပြီးနောက် ကျောင်းသား၊ ကျောင်းသူများကို  ဝန်ထမ်းများသယ်ဆောင်လာသော စာအုပ်များဖြင့် စာဖတ်ဝိုင်းပြုလုပ်ပေးခြင်း၊ စာအုပ်များငှားရမ်းပေးခြင်း၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အသိပညာပေးနံရံကပ်စာစောင်များ၊ မှတ်တမ်းဓာတ်ပုံများအားကျောင်းသား၊ ကျောင်သူများ အသိပညာဗဟုသုတရရှိစေပြီး မှတ်သားထားတတ်သည့် အလေ့အထရရှိစေရန် ရည်ရွယ်ပြီး ပြသပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)