လှိုင်းဘွဲ ဇန်နဝါရီ ၇
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကြည်သိန်း(ကရင်ပြည်နယ်တာဝန်ခံ)သည် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော်နှင့် အတူရွေးကောက်ပွဲ အပိုင်း(၂) ကျင်းပပြုလုပ်မည့် လှိုင်းဘွဲမြို့နယ်သို့ သွားရောက်၍ သက်ဆိုင်ရာလွှတ်တော်နည်းဥပဒေ (၆၃) ပါ ရွေးကောက်ပွဲကျင်းပသည့်နေ့ရက်၌ မဲဆန္ဒနယ်အတွင်းရှိသော်လည်း မဲရုံသို့ကိုယ်တိုင်လာရောက် ဆန္ဒမဲမပေးနိုင်သော မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ ပွင့်လင်းမြင်သာမှုနှင့် စနစ်တကျ ဖြစ်စေရန်အတွက် ကြိုတင်ဆန္ဒမဲပေးနေမှုအခြေအနေအား ဇန်နဝါရီ ၆ ရက် မွန်းလွဲ ၃ နာရီက ကြည့်ရှုအားပေး၍ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့အား လိုအပ်သည်များကို ကြပ်မတ်လမ်းညွှန်ဆောင်ရွက်ပေးခဲ့သည်။
အလားတူ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့တွင်လည်း သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများတွင် ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ (၆၃)တွင် ဖော်ပြထားသည့်အတိုင်း ကြိုတင်မဲပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)