သရက်ချောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများနှင့် ဒေသခံပြည်သူများအားကိုဗစ်–၁၉ရောဂါကာကွယ်ဆေး (တတိယအကြိမ်) Booster Doseကို ဆက်လက်ထိုးနှံပေး

သရက်ချောင်း   စက်တင်ဘာ   ၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအားနှင့် ဒေသခံပြည်သူများအား ကိုဗစ်–၁၉ရောဂါကာကွယ်ဆေး (တတိယအကြိမ်) Booster Doseကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် (ပထမအကြိမ်) ကိုဗစ်–၁၉ရောဂါ ကာကွယ်ဆေးလုံးဝမထိုးနှံရသေးသောကျောင်းသား/သူများ၊ (ဒုတိယအကြိမ်)ကိုဗစ်–၁၉ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိ သော ကျောင်းသား/သူများ၊ (ဒုတိယအကြိမ်)ကိုဗစ်–၁၉ရောဂါကာကွယ်ဆေးထိုးနှံ၍ (၆)လပြည့် ပြီးသော ကျောင်းသား/သူများအား(တတိယအကြိမ်) Booster Doseကို ဆက်လက်ထိုးနှံပေးခဲ့ ကြောင်းသိရပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးမထိုးနှံမီ ကာကွယ်ဆေးလာရောက်ထိုးနှံကြသည့် ကျောင်းသား/ကျောင်းသူများကို စာရင်းရေးသွင်းပြီး မိဘအုပ်ထိန်းသူများ၏ သဘောဆန္ဒကိုရယူကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက် များနှင့်အညီ ကျောင်းသား/ကျောင်းသူများအားထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉‌ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို  သရက်ချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထွေးဦး ၏ကြီးကြပ်ဆောင်ရွက်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သားကြီး(သရက်ချောင်း)