ဝေါ စက်တင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကျင်းပပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နေ့လယ် ၁ နာရီက အင်းတိုင်စုကျေးရွာရှိ တောင်သူဒေါ်ခင်အေး၏ လယ်မြေကွင်းအမှတ်(၇၀၈-ခ)၌ ကျင်းပကြောင်း သိရသည်။
အဆိုပါမိုးစပါးစံပြကွက်ရိတ်သိမ်းပွဲသို့ ပဲခူးခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးမျိုးမင်းထွန်း၊ ဝေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများက မိုးစပါးစံပြစပါးကွက်အား စပါးရိပ်ချွေစက်ဖြင့် ရိပ်ချွေနေမှုများနှင့် မိုးစပါးစိုက်ပျိုးအောင်မြင်နေမှုအခြေအနေများကို ကြည့်ရှုကြသည်။
ထို့နောက်မိုးစပါးစံပြအထွက်နှုန်းအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဦးအောင်မိုးလွင်နှင့် ဝန်ထမ်းများက မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ မိုးစပါးစံပြကွက်ကို ရိတ်သိမ်းရာ တစ်ဧက အစိုတင်း(၈၂ )တင်း ထွက်ရှိကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)