ကန်ကြီးထောင့် စက်တင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်လူထုအခြေပြုဗဟိုဌာန( Community Centre)၌ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကို ယမန်နေ့ နံနက် (၉)နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဇင်မာဦး၊ ဒုတိယဦးစီးမှူး ဒေါ်ခင်သီတာနှင့် Book Club အဖွဲ့မှ အတွင်းရေးမှူး ဦးသန့်ဇင်ဦးတို့က နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ ပေါ်ပေါက်လာရခြင်း၊ မြန်မာနိုင်ငံမှ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့တွင် လှုပ်ရှားဆောင်ရွက်ခဲ့ပုံများ၊ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများ စာတတ်မြောက်ရေးအတွက် ကာလအပိုင်းအခြား (၃)ပိုင်းခွဲ၍ ဆောင်ရွက်ခဲ့မှုများနှင့် ထိုသို့လှုပ်ရှား ဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံတကာမှ မြန်မာနိုင်ငံသို့ ချီးမြှင့်ခံခဲ့ရသည့် ဆုလာဘ်များအား အပြန်အလှန် မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ပြည်သူအကျိုးပြု အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း နိုင်ငံတကာ စာတတ်မြောက်ရေးနေ့နှင့် စာတတ်သူများ စာဖတ်လာစေရေးကို ပြည်သူများက ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေး Talk Show ကို Online မှတစ်ဆင့် ထုတ်လွှင့်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
မဇင်(ပြန်/ဆက်)