တီးတိန် စက်တင်ဘာ ၉
ချင်းပြည်နယ် တီးတိန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ စီစဉ်မှုဖြင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို စက်တင်ဘာလ ၇ ရက်နေ့ နေ့လယ် ၂ နာရီက ပြုလုပ်ကြောင်း သိရသည်။
ထိုသို့နှာခေါင်းစည်းများ ဖြန့်ဝေရာတွင် တီးတိန်မြို့ လူစည်ကားရာနေရာဖြစ်သော မြို့မနာရီစင်လမ်းဆုံနှင့် တီးတိန်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟုန်းနိန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ကျန်းမာရေးဝန်ထမ်းများက ပြည်သူများနှင့် ကျောင်းသူ၊ ကျောင်းသားများအား နှာခေါင်းစည်းများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)